အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေကို အသုံးပြုပြီး “ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ” ဆိုတဲ့ ဝါဒဖြန့်ပေါ်လစီ ဇာတ်ကားတစ်ကားကို စစ်တပ်ပိုင် မြဝတီချန်နယ်ကတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။

ခေတ်သမိုင်း သုခုမရပ်ဝန်းက ရိုက်ကူးတဲ့ အဆိုပါဇာတ်ကားဟာ မကြာခင် ကျင်းပမယ့် စစ်ခေါင်းဆောင်ရဲ့ အတုယောင်ရွေးကောက်ပွဲ အရေးပါပုံအကြောင်းနဲ့ ပြည်သူ့တော်လှန်ရေးအပေါ် မဟုတ်မမှန် စွပ်စွဲပုံဖျက်တဲ့အနေနဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားဟာ ခေတ်အဆက်ဆက်စစ်အုပ်စု ဝါဒဖြန့်ဇာတ်ကားတွေရဲ့ ထုံးစံနဲ့အတိုင်း ပြည်တွင်းစျေးကွက် နာမည်ကြီး သရုပ်ဆောင်တွေကို ဖောဖောသီသီသုံးထားပြီး ဇာတ်ကားထဲမှာ တော်လှန်ရေးကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးပျက်စီးရကြောင်း၊ Non CDM တွေရဲ့ အခန်းကဏ္ဍ အရေးပါကြောင်းနဲ့ အတုအယောင်ရွေးကောက်ပွဲက ကမ္ဘာကပါ သိရှိကြောင်းစတဲ့ ပေါ်လစီကားဆန်ဆန် အနုပညာရသမပါဝင်ဘဲ အတုံးအတစ်လိုက် ဝါဒဖြန့်လိမ်လည်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဇာတ်ညွှန်းပြောဆိုချက်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ ငှက်ပျောကြော်၊ အောင်ခိုင်၊ သွက်လက်၊ စူပါလင်းစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ အဆိုပါ စစ်တပ်ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်သူတွေအားလုံးဟာ နွေဦးတော်လှန်ရေးအစ စစ်အုပ်စုကိုဆန့်ကျင်တဲ့ လူထုသပိတ်ပွဲတွေမှာ CDM ကဏ္ဍအရေးကြီးကြောင်းနဲ့ နိုင်ငံခေါင်းဆောင်တွေလွှတ်ပေးဖို့ တောင်းဆိုခဲ့သူတွေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာပေါင်အာရင်းသန်သန် ပေါ်တင်ဝေဖန်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါဇာတ်ကား လူမှုကွန်ရက်ပေါ် ရောက်ရောက်လာချင်းမှာပဲ ပါဝင်တဲ့ အနုပညာရှင်တွေကို ပြည်သူတွေက ပြင်းပြင်းထန်ထန်ဝေဖန် ပြောဆိုနေကြပြီး ရာသက်ပန် boycott လုပ်ဖို့ တောင်းဆိုလာကြပါတယ်။

ဇာတ်လမ်းထဲမှာ ၂၀၂၁ အာဏာသိမ်းကာလအစ အရပ်သား၊ ရဟန်း၊ ရှင်လူတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆို ဆန္ဒပြကြတဲ့ ပုံရိပ်တွေထက် မီးရှို့တာ၊ ဓာတ်ဆီလောင်းတာစတဲ့ ပုံရိပ်တွေကို ပိုပိုသာသာ သုံးထားပြီး ဇာတ်လမ်းအတွင်း တော်လှန်ရေးကြောင့် သာမန်လက်လုပ်လက်စား လူငယ်တွေအပေါ် ထိခိုက်မှုဖြစ်စေကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် အရေးပါတဲ့ CDM ဝန်ထမ်းတွေကို Non CDM ဝန်ထမ်းတွေနဲ့ နိူင်းယှဥ်ကာ သိသိသာသာ ဝါဒဖြန့်ထားတဲ့ ဇာတ်ကွက်တွေ ပါဝင်နေပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တနိုင်ငံလုံးအနှံ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုရားစေတီမချန် ဗုံးကြဲနေပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ သရုပ်ဆောင်တွေက စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်းတွေရဲ့ အရေးပါကြောင်းကို ပြောဆိုထားကြပါတယ်။

ဒါ့အပြင် နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ ရွေးကောက်ပွဲဆန့်ကျင်သူတွေကို ဟာသသဖွယ် ခပ်ပေါပေါ ဖန်တီးထားပြီး ရွေးကောက်ပွဲနဲ့ပက်သက်လို့ အရပ်သားတွေကို ခြိမ်းခြောက်ထားတာတွေလည်း ပါဝင်နေပါတယ်။

ဇာတ်ကားထဲမှာ တော်လှန်ရေးအတွက်ဆိုကာ ဗုံးထောင်ကြတဲ့လူငယ်တွေကို ဖမ်းဆီးရမိတဲ့အခါ သရုပ်ဆောင်နေတိုးက “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးဆိုပြီး” တော့လည်း တော်လှန်ရေးအပေါ် နှိမ့်ချပြောဆိုထားတဲ့ ဇာတ်ညွှန်းတွေ ပါဝင်နေပါတယ်။

ဇာတ်ကားအတွင်း ပါဝင်သရုပ်ဆောင်ထားကြသူတွေအားလုံးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်နေသူတွေ ပိုင်ဆိုင်တဲ့ 7 Sense၊ Hey Play၊ Sky Net ၊ Bobo Film Production စတဲ့ ထုတ်လုပ်ရေးတွေမှာ အဓိက ရိုက်ကူးပေးနေကြသူတွေလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်ရုပ်ရှင်လောက ရုံတင်ပြသစနစ်ကိုလည်း အဆိုပါ ထုတ်လုပ်ရေးတွေနဲ့ လက်ခွဲအမည်ခံထုတ်လုပ်ရေးတွေကပဲ ချုပ်ကိုင်ခြယ်လှယ်နေတာဖြစ်ကြောင်း ပြည်ပရောက် ဒါရိုက်တာ ၁ယောက်က ဖွင့်ဟထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ လာမယ့်ဒီဇင်ဘာလအတွင်း အတုယောင်ရွေးကောက်ပွဲ အပိုင်း(၁) ကို လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ နယ်မြေရှင်းလင်းရေးပုံစံ စစ်ကြောင်းထိုး မီးရှို့တာတွေကို ပိုမိုလုပ်ဆောင်လာသလို တစ်ဖက်မှာလည်း ရုပ်ရှင်၊ သဘင်၊ ဂီတ အလွှာတွေကို အသုံးချကာ ပေါ်ပေါ်ထင်ထင် ဝါဒဖြန့်လာတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံး ပစ်ခတ်ခဲ့သည့် ရာအိမ်မှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။