ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် – ၂၇ တပ်ရင်းက “ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ” ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။

မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်းဟာ ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတာ ၁၀ လကျော်ခဲ့ပြီဖြစ်ပြီး စစ်ဆင်ရေးအတွင်း ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရကာ ၁၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ ကျည်ကာအစုံ ၁၀၀ တပ်ဆင်ပေးနိုင်ဖို့ “ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ” ကမ်ပိန်းပြုလုပ်ထားပြီး အောက်တိုဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကမ်ပိန်းကာလ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ ထောက်ပို့အဖွဲ့အစည်းတွေ၊ တော်လှန်မိဘပြည်သူတွေအနေနဲ့ မုံရွာခရိုင်အမှတ် (၂၇)တပ်ရင်းရဲ့ “ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ ” ကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – မုံရွာခရိုင်အမှတ် – ၂၇ တပ်ရင်း

0 Shares:
You May Also Like
Read More

၁၀၂၇ ဒုတိယလှိုင်းကတည်းက တိုက်ပွဲဝင်ခဲ့သည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ ရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ကြိုဆိုခဲ့တဲ့ မှတ်တမ်းရုပ်သံကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းမှ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။