ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ပင်လုံကတိကဝတ်ကို မမေ့မလျော့ဘဲ မဆုတ်မနစ် ကြိုးပမ်း တိုက်ပွဲဝင်နေမှုကို လေးစားဂုဏ်ယူတယ်လို့ CRPH က ဆိုပါတယ်။

ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ (၆၅) နှစ်တာ ကာလတစ်လျှောက်မှာ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ရတဲ့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ၊ ရဲဘော်တွေနဲ့ ကချင်ပြည်သူလူထုကိုလည်း ဦးညွှတ်အလေးပြုတယ်လို့ CRPH က ဖော်ပြထားပါတယ်။

ပုံစာ – KIO လက်အောက်ခံ KIA တပ်ဖွဲ့ဝင်များ

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကချင်လူထုအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုက အလွန်အရေးကြီးသလို တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တရားမျှတရေးကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ဟာ အားလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

CRPH အနေနဲ့ အဆိုပါ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ အတူလက်တွဲ ချီတက်သွားမယ်လို့လည်း ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့ တော်လှန်ရေးအင်အားစုအားလုံးတို့ရဲ့ အဓိက ဘုံရည်မှန်း ချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အခြား မဟာမိတ် အင်အားစုတွေ အားလုံးနဲ့အတူ ပူးပေါင်းပြီး အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်ဆိုတာကို အလေးအနက်ယုံကြည်တယ်လို့လည်း CRPH ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဆင်စွယ်၊ တောင်သုံးလုံးစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆင်စွယ်တပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ (၇)ရက်နဲ့ (၁၁) ရက်တွေမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်နဲ့ ဇီးကုန်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်အုပ်စု ကျုးလွန်သည့် အကြမ်းဖက်မှုများကြောင့်ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်များကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။