ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက်ပျံသန်းနေတဲ့ စစ်ကော်မရှင် ဒရုန်း ၁ စီးကို KIA က ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ (၂၄)ရက်က အဆိုပါဒရုန်းကို KIA တပ်မဟာ (၁၁) ဒေသဖြစ်တဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက် ပျံသန်းနေစဉ် KIA ဆေးတပ်ကြပ်တပ်သားက လက်နက်ငယ်နဲ့ ပစ်ချဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-7Stars News
0 Shares:
You May Also Like
Read More

ဗိဿနိုးတောင်‌ပေါ်တွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက  Shar Htoo Waw နည်းပညာ Fixed wing Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံသို့ ပန်ကြားချက် (ရုပ်သံ)

'ဒီလိုမုန်တိုင်းဒဏ်မျိုးဟာ သဘာဝဘေးအန္တရာယ်လို ခေါ်ဆိုနိုင်ပေမယ့် စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက်ခြစားမှုများရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီး အကျိုးဆက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်နိုင်ငံများထက် ပိုမိုထိခိုက်ခံစားနေရတာဖြစ်ပြီး ဘေးအန္တရာယ် ကို ရင်ဆိုင်ကြုံတွေ့လာရချိန်မှာလည်း ကြိုတင်ပြင်ဆင်မှု မရှိတဲ့အပြင် ပြည်သူလူထုကို တိုက် ခိုက်သတ်ဖြတ်ဖို့သာ အာရုံစိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းစွာ မဆောင်ရွက်နိုင်တာဖြစ်ပါတယ်''
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အုန်းတောရွာမှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာမှာ အထိုင်ချတပ်စွဲပြီး ကင်းပတ်လာတဲ့ အကြမ်းစစ်ကောင်စီတပ်သားတွေကို အုန်းတောမြောက်ရေတွင်းနားမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။