မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေ မဝင်ရောက်တော့မှာစိုးရိမ်တာကြောင့် စစ်မှုထမ်းတပ်သားဟောင်းတွေကို နှစ်ပြည့်တာနဲ့ လွှတ်ပေးတယ်ဆိုတဲ့ ပုံစံမျိုးရောက်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “ထွက်ခွင့်ကိုတော့ သူတို့ ပိတ်မှာ မဟုတ်ဘူး။ ပိတ်လိုက်ရင် အခြေအနေတွေ ဆိုးကုန်မယ်။ စစ်မှုထမ်းတွေက ၂နှစ်ပြည့်ရင် ထွက်ခွင့်ရမယ်ဆိုပြီးတော့ ဒီ ၂နှစ်အတွင်းမှာ မသေအောင် ကြိုးစားလာတာပေါ့နော်။ ၂နှစ်လည်း ပြည့်ရော မထွက်ရဘူးဆိုလို့ကတော့ အရင်စစ်တပ်ပျက်သလို ထပ်ပြီး ပျက်မှာ။ အဲ့တော့ ရာထူးတိုးပြီးတော့ သံယောဇဉ်ဖြစ်အောင် လုပ်တာပေါ့နော်။ မင်းတို့ ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိဖြစ်သွားပြီဆိုပြီး သူတို့ထဲမှာ နေချင်စိတ်ဖြစ်အောင် လုပ်တာပေါ့နော် ရာထူးတွေတိုးပေးပြီး” လို့ ပြောပါတယ်။
အပတ်စဉ် တစ်ခုကို လူအယောက် ၅ ထောင်ကျော် စုဆောင်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ဟာ နောက်ပိုင်း အပတ်စဉ်တွေမှာတော့ စစ်မှုထမ်း လျာထားချက် ပြည့်မှီတဲ့အထိ လူတွေ မရတာကြောင့် အပတ်စဉ် တခုကို တက်နေစဉ်မှာပင် ရတဲ့ နည်းနဲ့ လူငယ်တွေကို ထပ်မံစုဆောင်းပြီး ထပ်တိုးအင်အားတွေနဲ့ ဖမ်းဆီးပို့ဆောင်နေတယ်လို့ သိရပါတယ်။

“သူတို့တွေ လူအရေအတွက်ကို ပြည့်မှီအောင် မရနေတာတော့ သေချာတယ်။ အဲ့လိုဆိုတော့ သူတို့က ရသလောက် လိုက်ဆွဲတယ်ပေါ့နော်… တစ်ယောက်ဆွဲ၊ နှစ်ယောက်ဆွဲကနေ သူတို့လူအရမ်းလိုလာပြီဆိုရင် ရထားဂိတ်၊ ကားဂိတ်တွေကနေ လူတွေဖမ်းတယ် သိရပါတယ်။ သေချာသိရတာကတော့ ရထားပေါ့နော်။ ဒါတွေကို စစ်မှုထမ်းကနေ ထွက်ပြေးလာတဲ့ လူတွေဆီကနေ ကြားရတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့မှာ ဖရဲသီးတွေ၊ သင်တန်းကျောင်းတွေမှာလည်း ကျွန်တော်တို့ လူတွေ ရှိပါတယ်” လို့ ပြည်သူ့ရင်ခွင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စစ်တပ်ဟာ ရထားတွေ၊ ကားတွေမှာ လိုက်ပါစီးနင်းမယ့် လူငယ်တွေရဲ့ စာရင်းမှန်သမျှကို ကြိုတင်ရရှိထားတာကြောင့် ဘူတာရုံ အကြီးကြီးမရှိတဲ့ မြို့နယ်ဂိတ်လေးတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူကဆက်လက်ပြီး “ကျွန်တော်တို့ အဲ့လိုပြောလို့ ဘူတာတွေမှာ အမြဲတမ်းဖမ်းနေတာတော့ မဟုတ်ဘူး။ သူတို့ အဲ့လောက် ရုပ်ပျက်ဆင်းပျက်မလုပ်ဘူး။ မလိုရင် လွတ်ထားပေးတယ်… အဲ့လိုဆိုတော့ လူငယ်တွေကလည်း ပေါ့ပေါ့လျော့လျော့ ပြန်ဖြစ်ပြန်ရော။ ပြီးတော့မှ သူတို့ တအားလိုလာပြီဆိုရင် ဝုန်းဆို ဆော်ထည့်လိုက်တာပဲ။ အဲ့လိုဆိုတော့ ဖမ်းတိုင်းပါတယ်” လို့ အခြေအနေတွေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်တုန်းကလည်း စစ်မှုထမ်းကြေး မပေးနိုင်လို့ စစ်မှုထမ်းခဲ့ရပြီးနောက် ဒုတပ်ကြပ်အဖြစ် ရာထူးတိုးလာပြီး စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံကို လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။