အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်  ရွေးကောက်ပွဲကို ဓနုပြည်သူတွေအနေနဲ့ အားပေးထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွေ မပြုလုပ်ဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က မနေ့က ထုတ်ပြန်ပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံသွားမှာမဟုတ်ဘူးလို့ သဘောထားထုတ်ပြန်ပါတယ်။

ဓနုပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စု အကျိုးစီးပွားနဲ့ အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် အဆိပ်ပင် ရေလောင်းတာမလုပ်ဘဲ ရွေးကောက်ပွဲကို အားပေးတာမျိုး မလုပ်ဖို့ DPLF က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအဖြစ်  ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး တည်ဆောက်ရာမှာ  DPLF အနေနဲ့ နိုင်ငံရေး၊ စစ်ရေးကို အရှိန်မြှင့် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

DPLF အနေနဲ့ နိုင်ငံရေး ကိုယ်စားပြုမှုတွေကိုလည်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ဓနုလူမျိုးတွေရဲ့ ကိုယ်စားပြုအနေနဲ့ ပြည်တွင်းပြည်ပက နိုင်ငံတကာအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့  ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။