မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က နွားထိုးကြီးမြို့နယ် ရန်ကင်းဘုရားကနေ မြိုင်သာကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် တပ်သား ၇ ယောက်နဲ့အထက် သေဆုံးခဲ့ပြီး MA-5 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာအနီး ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်း အထိနာပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်သွားခဲ့တဲ့အတွက် စစ်သား ၄ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းထံက ငါးကြင်းမြှီး ၁ လက်၊ MA-11 ၃ လက်၊ G-3 ၂လက်၊ MA-1 ၁လက်၊ M79 ၁ လက်၊ MA-5 ၂ လက်၊ Drone ၂ စီး၊ ကျည်မျိုးစုံ ၃၃၁၂ တောင့်၊ ၄၀မမ ၃ လုံး၊ ၆၀မမ ၇ လုံး၊ RPG ၁ ဖူး၊ drop bomb ၄ ဖာ၊ ပိုယမ်းတောင့် ၁၁ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ အီနာဂါ ၁ လုံး၊ ကျည်ဘောက် ၂၁ ဘောက်၊ ကတ်သီး ၁၃ ခု ၊ Jammer ကား ၁ စီး နဲ့ ကား ၃ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း မလှိုင်မြို့နယ် နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာဘက် အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့ထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား အယောက် ၂၀ ထက်မနည်းသေဆုံးပြီး စစ်သား ၅ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA -1 ၆ လက် ၊ MA-2 ၅ လက် ၊ MA-3 ၆ လက် ၊ MA -4 ၁ လက် ၊ RPG ၁ လက် ၊ ငါးကြင်းမြှီး ၂ လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀မမ ပြောင်းရှည် ၁ လက် ၊ ငါးကြင်းမြှီးပြောင်း ၁ ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပိုကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ ဖူး ၊ RPG ပိုယမ်း ၉ တောင့် ၊ လျက်ဆားပုလင်း ၁၁ လုံး ၊ လက်ပစ်ဗုံး ၄ လုံး ၊ M9 ၂လုံး ၊ Drone ၂ စီး ၊ Drone Shooter ၂ ခု ၊ ကျောပိုး Jammer ၁ ခု ၊ Jammer အကြီး ၁ ခု ၊ ကား ၃ စီး ၊ Drone ဗုံးသီး ၂ ဖာနဲ့ ကျည်ဘောက်အစုံ ၅၆ ဘောက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မလှိုင်မြို့နယ် နှောကန်ရဲစခန်းကနေ စစ်ကူလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားထိခိုက်သေဆုံးပြီး MA – 1 ၄ လက် ၊ MA -2 ၂ လက် ၊ MA -3 ၄ လက် ၊ ၆၀မမ ပြောင်းတို ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Soe Aung Npdf

0 Shares:
You May Also Like
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ထောက်ပို့ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီသား တော်လှန်ရဲဘော်တစ်ဦး ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားသည့် ငါတို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံဖို့ ဧရာဝတီသား တော်လှန်ရဲဘော်တစ်ယောက် ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားတဲ့ ငါတို့ပြန်လာပြီ ဧရာဝတီသီချင်း ဖြစ်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မင်းထက်ကျော်၏ ပြောကြားချက် (ရုပ်/သံ)

''စစ်ကောင်စီက လူမျိုးရေးလည်း ခွဲခြားတယ်။ ရခိုင်ဆိုရင် သတင်းပေးလို့လည်း ထင်တယ်။ ရခိုင် ဆိုရင် မင်းတို့ AA ကနေ ထွက်ပြေးလာတာ။ သတင်းပေးဘာညာနဲ့ တအား ခိုင်းတာတွေ။ ကျွန်တော်တို့ မလုပ်ချင်တာတွေကို အတင်းခိုင်းတာ။ စစ်ကောင်စီအစထဲက မကြိုက်တာ။ ရာထူးရှိတဲ့သူဆိုရင် အောက်ကိုကောင်ကို ဖိနှိပ်ဆက်ဆံတာတွေလည်းရှိတယ်''
Read More

နောင်ချိုမှာ သပြေရေတောင်ဘုရားကုန်းကို စစ်တပ်လေကြောင်းဗုံးကြဲချ၊ စေတီတော်ပျက်စီးပြီး အရပ်သား ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာ သဲလမ်းရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာ ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။