ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေရဲ့ စစ်မြေပြင်တိုက်ခိုက်မှုတွေမှာ အသက်အန္တရာယ် ထိခိုက်မှုနည်းပါးစေရေး ကဝမြို့နယ် ပကဖ ရဲ့ ကျည်ကာဝတ်စုံ (၂၀)ကို မျှဝေသုံးစွဲဖို့ အပ်နှံခဲ့သလို ပဲခူးခရိုင် ပကဖ စစ်ကြောင်းရဲဘော်တွေအတွက် လေ့ကျင့်ရေး ဘောင်းဘီတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ကဝမြို့နယ် ပကဖ အတွက် ဒေသခံတွေရဲ့ ကူညီထောက်ပံ့မှုဖြစ်တဲ့ ပိန္နဲသီး၊ သင်္ဘောသီးစိမ်း ၊ငါးပိ၊ သစ်တိုသီးဆားရည်စိမ်၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ကဝမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ကျော်နိုင်နဲ့ တာဝန်ရှိသူတွေ ပဲခူးခရိုင် ပကဖ စစ်ကြောင်းမှူးထံ အောက်တိုဘာ ၂၁ ရက်မှာ ပေးအပ်လှူဒါန်း မျှဝေသုံးစွဲ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်အသုံးအဆောင်နဲ့ စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်း မျှဝေသုံးစွဲ အပ်နှံပေးတဲ့ ကဝ မြို့နယ်ပကဖ ကို အထူး ကျေးဇူးတင်ကြောင်း ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် အမည်မသိအမျိုးသား ၃ ဦးကို SNA တပ်ဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွား

" ဒီနေရာမှာ ပြောစရာရှိတာက ဖားကန့်ကို မိန်းလမ်းမကြီးကနေသွားလို့ရပေမယ့် မှော်စီစာကနေ ဖားကန့်ကိုဝင်ဖို့ အမှိုက်ပုံလမ်းလည်း ရှိပါတယ်၊ ကုမ္ပဏီလုပ်ကွက်တွေ ရွာတွေကနေ ဖြတ်သွားရတာပါ။ စကစ စစ်ကြောင်း ညအိပ် ထွက်သွားတဲ့ တောင်ယာကုန်းမှာ အစောနက အမျိုးသားသုံးဦးကို တွေ့ရတာ ဖြစ်ပါတယ်" လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တွံတေး ပကဖ နှင့် Delta Phoenix Column စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

ကျွန်းစုတွင် လက်နက်များ သယ်ဆောင်လာသည့် စစ်အုပ်စု ကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူနှင့် ရဲ ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။