ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၂ ရက် ည ၆ နာရီခွဲဝန်းကျင်ခန့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်ဝိုင်းကလူတွေ ဝရုန်းသုန်းကားဖြစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်လဲဆိုတာ အသေးစိတ် မသိရသေးသလို လူထိခိုက်သေဆုံးမှု ရှိမရှိဆိုတာကို မောင်းအနေနဲ့ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်အဟုန်မြင့်လာချိန် ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ရေး “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  "အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ "ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ''ရန်သူ အကြမ်းဖက် စစ်တပ်ကို အပြုံးနဲ့ ရင်ဆိုင် ၊ တော်လှန်ရေး အတွက် အသက် ပေးလှူ သွားတဲ့ ညီလေးရေ .. မင်း တာဝန် ကျေပါတယ်ကွာ''ဟု ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနရုပ်သံတကွ ပုသိမ်ကြီးမြို့နယ် ပကဖ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်အတွင်း စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၇ ဦးကျော် ဒဏ်ရာရကာ နေအိမ် ၇ လုံး မီးလောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မတ်လ ၂၂ နဲ့ ၂၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူအား ပြင်ဦးလွင်ခရိုင်ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခံစစ်ပြင်ထားတဲ့ ဂျပန်လှိုဏ်ဂူကို ပြင်ဦးလွင်ခရိုင် အမှတ် - ၅၀၉ ၊ အမှတ် - ၅၁၀ ၊ အမှတ် - ၅၁၂နဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း - ၁၊ တပ်ရင်း -၂ ရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။