Federal Wings အဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ Robot Dog စက်ရုပ်ရဲ့ မှတ်တမ်းရုပ်သံကို အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

”သာမန်အမြင်နဲ့ကြည့်ရင် Robot Dog ကလေးကလားလို့ မြင်ကြမှာမျိုးဖြစ်ပေမဲ့ ဆက်စပ် ဆင့်ပွားနည်းပညာကိစ္စတွေကိုမြင်နိုင်ရင် အလားအလာရှိတဲ့ အသုံးချနိုင်မှုတွေကိုပါ မြင်ရမှာဖြစ်ပါတယ်”လို့ Federal Wings က ဆိုပါတယ်။

Federal Wings အဖွဲ့ရဲ့ Research & Development ကိစ္စရပ်ဟာ ငွေကုန်ကြေးကျများပြီး ၉၉ ရာခိုင်နှုန်းလောက်က Social Media မှာ ဖော်ပြလို့မရတဲ့အရာတွေဖြစ်ကာ ရလဒ်တစ်ခုထွက်လာဖို့ အချိန်ကာလကြာမြင့်တာကြောင့် အရေးအကြီးဆုံးကိစ္စတစ်ခုဖြစ်ပေမယ့် ရပ်တန့်ထားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

”Federal Wings ဆီမှာ Research & Development အတွက် ရန်ပုံငွေနည်းပါးလာနေတာဖြစ်လို့ ယခင်လို R&D လုပ်ငန်းတွေကို ပြိုင်တူလုပ်ဆောင်ခြင်းထက် တစ်ခုချင်းသာ ခြိုးခြိုးခြံခြံ လုပ်ဆောင်နေရတဲ့ အနေအထားဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။

နည်းပညာအသာစီးနဲ့ စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ကိစ္စဟာ ပြောင်းပြန်ဖြစ်လုလု အနေအထားဆီရောက်ရှိနေပြီး အချိန်မလွန်ခင်ပြင်ဆင်နိုင်ကြဖို့ Federal Wings အနေနဲ့ အထူးသတိပေးနှိုးဆော်ထားပါတယ်။

Video – Federal Wings

0 Shares:
You May Also Like
Read More

Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်နိုင်ဖို့ Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင်မှာ အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး တော်လှန်‌ပြည်သူတွေ ဝန်းရံပေးကြဖို့ တောင်းဆို (ရုပ်/သံ)


လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ နေပြည်တော်အနီး ချဉ်းကပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးမယ့် အကူအညီတွေ လိုအပ်နေတဲ့အတွက် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) တပ်ရင်းမှူး ဇင်ယော်က အခုလို တောင်းဆိုထားပါတယ်။