မြန်မာနိုင်ငံက ကျားဖြန့်စင်တာတွေမှာ အသုံးပြုနေတဲ့ စတားလင့် စက်ပစ္စည်းပေါင်း ၂,၅၀၀ ကျော်ကို SpaceX က ဝန်ဆောင်မှု ဖြတ်တောက်လိုက်ကြောင်း အောက်တိုဘာလ ၂၂ ရက်မှာ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာနယ်စပ်က ရာဇဝတ်ဂိုဏ်းတွေ ဂြိုဟ်တုအင်တာနက်ကို အလွဲသုံးစားလုပ်မှုတွေ များလာတဲ့သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း ကုမ္ပဏီက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အာရှဒေသဆိုင်ရာ အင်တာနက်မှတ်ပုံတင်အဖွဲ့ (APNIC) ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ Starlink ဟာ ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဝန်ဆောင်မှုပေးသူတွေထဲမှာ သုံးလအတွင်း အကြီးဆုံး provider ဖြစ်လာတယ်လို့ သိရပါတယ်။

“အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်တဲ့ နည်းပညာတွေဟာ အလွဲသုံးစားလုပ်ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်” လို့ Starlink ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က ၎င်းရဲ့ X မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။

“ကျမတို့အနေနဲ့ စည်းကမ်းချိုးဖောက်မှုတခုခုကို တွေ့တဲ့အခါ ကမ္ဘာတဝန်းက ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ အပါအဝင် သင့်လျော်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ပါတယ်” “ဥပမာအနေနဲ့ မြန်မာနိုင်ငံမှာဆိုရင် SpaceX က သံသယရှိဖွယ် ‘Scam စင်တာ’ တွေ အနီးအနားမှာရှိတဲ့ Starlink ကစ်ပေါင်း ၂,၅၀၀ ကျော်ကို ကြိုတင်စိစစ်ပြီး ပိတ်ပစ်လိုက်ပါတယ်” လို့ Dreyer က ရှင်းပြခဲ့ပါတယ်။

မြဝတီရှိ KK Park ကဲ့သို့သော အွန်လိုင်း အားကစားရုံများသည် မြန်မာနိုင်ငံတွင် ယနေ့အထိ တိုးတက်လှုပ်ရှားနေဆဲ ဖြစ်ကြသည်။ ဤပုံတွင် မြဝတီရှိ KK Park ကို ထိုင်းနိုင်ငံ တက်ခ်ခရိုင် မယ်စော့မြို့နယ်မှ စက်တင်ဘာလတွင် မြင်တွေ့ရသော အနေအထား ဖြစ်သည်။ (ဓာတ်ပုံ AFP)

AFP သတင်းဌာနရဲ့ မကြာသေးမီက စုံစမ်းစစ်ဆေးမှုအရ ဒီနှစ်အစောပိုင်းမှာ လူသိရှင်ကြား နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်းမှာတောင် မြန်မာနိုင်ငံမှာ Scam အဆောက်အအုံအသစ်တွေ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ Elon Musk ပိုင် ဂြိုဟ်တုကွန်ရက်နဲ့ ချိတ်ဆက်နိုင်ဖို့ Starlink Receiver တွေကို အစုလိုက်အပြုံလိုက် တပ်ဆင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီရက်သတ္တပတ်အစောပိုင်းမှာ နယ်စပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Scam စင်တာတခုဖြစ်တဲ့ KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink စက်ပေါင်း ၃၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာစစ်တပ်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် AFP ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ လွတ်လပ်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေအရ ဒီ ၃၀ ခုဟာ အဲဒီနေရာမှာ အသုံးပြုခဲ့တဲ့ စုစုပေါင်းအရေအတွက်ရဲ့ အနည်းငယ်မျှသာ ရှိသေးတယ်လို့ ဆိုပါတယ်။

“ဒီဝန်ဆောင်မှုဟာ ကမ္ဘာတဝန်းမှာ ကောင်းကျိုးအတွက်သာ ဆက်လက်တည်ရှိနေပြီး ယုံကြည်မှု ခိုင်မာစေဖို့ ဖြစ်‌စေမယ်လို့ ကျမတို့အနေနဲ့ ကတိပြုပါတယ်။ အင်တာနက်နဲ့ အဆက်အသွယ်မရှိသူတွေကို ချိတ်ဆက်ပေးဖို့ရော၊ မကောင်းတဲ့သူတွေရဲ့ အလွဲသုံးစားပြုမှုကို ထောက်လှမ်း တားဆီးပေးဖို့ပါပဲ” လို့ Starlink ရဲ့ Dreyer က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း – 2,500 scammer-linked Starlink rigs disabled in Myanmar

0 Shares:
You May Also Like
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ 
Read More

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ အရေးပေါ် အစည်းအဝေးကျင်းပ

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂရဲ့ အရေးပေါ် အစည်းအဝေးကို ဧပြီ ၄ ရက် ဒီနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး အဆောက်အဦးရဲ့ အထူးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

TPS ရုပ်သိမ်းမှု အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိ၊ လုံခြုံရေးအခြေအနေအပေါ် မှားယွင်းစွာ အကဲဖြတ်ခြင်းဟုဆိုကာ HRW ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။