စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းသားလျှောက်ထားသူတွေဟာ အသက် (၁၈)နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန် သူ၊ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။

အထက်ပါအချက်တွေ ကိုက်ညီသူဟာ တယ်လီဂရမ် – t.me/ssndfbb103 နဲ့ SSNDF/ KNDF B-103 Facebook ပေ့ခ်ျမှာ အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Video – SSNDF/ KNDF B-103

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

BGF က ကျားဖြန့်များကို အပြီးသတ်နှိမ်နင်းတော့မည်ဟု သတင်းလွှင့်အပြီး ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့်များ အစုလိုက်အပြုံလိုက် ထွက်ပြေး (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ BFG နိုင်မောင်ဇော်က ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး ကျားဖြန့်တွေ  အစုလိုက်အပြုံလိုက် ထွက်ပြေးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဟိန်းမင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေ၊ နေ့စဉ်နားထောင်နေရတဲ့ဟာတွေ တာဝန်တွေက အဓိပ္ပာယ်မရှိဘူးထင်လို့ အလင်းလာဝင်တာ။ စကစဝါဒဖြန့်ထားတဲ့ဟာက အမှားကြီးပေါ့။ သူတို့က အောက်‌ရောက်ရင် သတ်ပစ်တယ်ပြောတယ်။ အဲလိုမဟုတ်ပါဘူး။ အောက်ရောက်လို့ရှိရင် ကြိုဆိုမယ့်သူတွေက အများကြီးပါ။ လက်ဆွဲနှုတ်ဆက်မယ့်သူက အများကြီးပါ။ လာမယ်ဆို လာလို့ရပါတယ်''
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်သားနဲ့ပျူတွေကို ကြိုဆိုနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့၊ ပလိုင်းခြံက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodie အဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။