ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တပ်မှူးများ တတ်ရောက်ခဲ့ပြီး သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးအခြေခံဗဟုသုတတွေ ၊ အကြပ်အတည်းကာလအတွင်း ခန္ဓာကိုယ်မှ တုံ့ပြန်ပုံတွေ ၊ အခြေခံစိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးတဲ့နည်းလမ်းတွေကို စာတွေ့ လက်တွေ့ သင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပညာပေးခြင်း ၊ စိတ်ပိုင်းဆိုင်ရာကနဦးပြုစုစောင့်ရှောက်ခြင်း (PFA) ၊ မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ခြင်း (Self Care) စတဲ့ သင်ခန်းစာတွေကိုလည်း Theory & Practical နဲ့တကွ လေ့လာသင်ယူခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါ စစ်ရေးအရှိန်မြှင့်သွားမည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့က အထူးစစ်ဆင်ရေး အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။