အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေဟာ ထိုင်းနိုင်ငံအတွက် ရှောင်လွှဲလို့မရနိုင်ဘဲ လုံခြုံရေး၊ စီးပွားရေးနဲ့ နယ်စပ်ဒေသခံတွေရဲ့ လူမှုဘဝတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်း မစ္စတာ ကန်နဝီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားပြီး ထောက်ပြပြောဆိုထားတာပါ။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရဘူးဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ဆိုးကျိုးတွေကို မလွဲမသွေ ခံစားရမှာဖြစ်တာကြောင့် လက်ရှိ “မျက်စိပိတ် နားပိတ်” ထားတဲ့ အနေအထားကနေ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ စိတ်တံခါးဖွင့်ပြီး နားထောင်ဖို့လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုအတွင်း လာမယ့် ဒီဇင်ဘာလမှာ စစ်အုပ်စု ပြုလုပ်ဖို့ စီစဉ်ထားတဲ့ “ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ (Limited Election)” နဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေ ပြောဆိုဆွေးနွေးခဲ့ကြောင်း၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာ့အခြေအနေကို ပိုမိုဆိုးရွားစေမှာဖြစ်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက လုံးဝအသိအမှတ်မပြုသင့်ကြောင်း တညီတညွတ်တည်း သုံးသပ်ခဲ့ကြတယ်လို့ မစ္စတာ ကန်နဝီက ရေးသားထားပါတယ်။ 

(ဓာတ်ပုံ Kannavee Suebsang’s Facebook)

တဆက်တည်းမှာပဲ ပဋိပက္ခဒဏ်ခံနေရသူတွေအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးပို့ရေး အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ စစ်မှန်တဲ့ လူသားချင်းစာနာမှု နိယာမတွေအတိုင်း ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်သူတွေ ထိုင်းနိုင်ငံဘက်ကို ဒုက္ခသည်တွေအဖြစ် အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံလာခြင်းကနေ ကာကွယ်နိုင်မယ်လို့ သူက ပြောထားပါတယ်။ 

ထိုင်းအမတ်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး ခေါင်းဆောင်တွေအကြား ဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံကို အခြေပြုပြီး ထိုင်းကို အသုံးချလည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုအပ်ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

အချုပ်အားဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ကို အမြန်ဆုံး ချမှတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြနိုင်ဖို့ မူဝါဒလမ်းညွှန်ချက် အဆိုပြုချက်တွေကို ပြန်လည်ရေးဆွဲသွားမှာဖြစ်တယ်လို့ မစ္စတာ ကန်နဝီက ပြောဆိုထားပါတယ်။

(ဓာတ်ပုံ Kannavee Suebsang’s Facebook)

 

0 Shares:
You May Also Like
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။