စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 – PDF က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းလုံခြုံရေးအတွက် ကင်းယူဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၄ ယောက်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ယောက်သေဆုံးပြီး ဆိုင်ကယ် ၄ စီး၊ BA 63 သေနတ် ၃ လက်၊ ၉မမ ကျည် ၄၉၄ တောင့်၊ ၇.၆၂ မမ ကျည် ၆၅၂ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး၊ BA 63 ကျည်ဘောက် ၁၀ ခု၊ BA 94 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ လက်ကိုင်ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 (LPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး  တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Video – Special Forces 11 – PDF

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှာ သတင်းထုတ်ပြန်ထားပါ တယ်။ သြဂုတ် ၇ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရမ်းတပ်ဖွဲ့မှ သွားရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင် (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

အရေးပေါ်လိုအပ်နေသည့် ယာဉ် ၁ စီး ဖြည့်တင်းနိုင်ဖို့ “Project Buffalo” သိန်း(၅၀၀) “ကား” ကမ်ပိန်း (ရုပ်/သံ)

စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့အတွင်း ရဲဘော်တွေအတွက် လျင်မြန်စွာ စစ်ဆင်ရေးတွေ လက်ဦးမှုရယူနိုင်ဖို့၊ သတ်မှတ်ပွိုင့်တွေဆီ အချိန်မှီရောက်ရှိဖို့၊ စစ်ရိက္ခာတွေသယ်ယူဖို့၊ ကင်းချိန်းတဲ့ ရဲဘော်တွေနဲ့ အသက်လု‌နေရတဲ့ ထိခိုက်ရဲဘော်တွေကို အချိန်မှီဆေးရုံပို့ဆောင်နိုင်ဖို့ ယာဉ် ၁ စီးအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။