စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါအသိပညာပေးမှုကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ မြို့နယ်လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံ၊ တိုက်နယ် လူသားစာနာတာဝန်ခံ၊ ကျေးရွာ ပအဖတာဝန်ခံ၊ အဖွဲ့ဝင်တွေနဲ့အတူ ကျေးရွာရှိ ဆရာ၊ ဆရာမတွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၅ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာတော့ အမျိုးသမီးတစ်ယောက်က ကျေးလက်တောရွာတွေက အမျိုးသမီးတွေရဲ့ ဘဝဟာ တောတောင်တွေထဲမှာ လုံခြုံမှုကင်းမဲ့နေတာကြောင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေ ခံစားနေရပြီး အဲ့ဒီလိုတွေ့ကြုံခံစားရချိန်မှာ လူမှုဝန်းကျင်က အထင်သေးတဲ့အမြင်တွေကို ခံစားနေရတာကြောင့် ထုတ်ဖော်ပြောဆိုဖို့ခက်ခဲတယ်လို့ ရင်ဖွင့်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းမှ ဆရာမတစ်ယောက်ကလည်း ကျန်းမာရေးဌာနတွေမှာ အမျိုးသမီးပါဝင်မှုအားကောင်းပေမယ့် အမျိုးသားပါဝင်မှုနည်းနေခြင်း၊ ပညာရေးမှာ အမျိုးသမီးပါဝင်မှု များပေမယ့် အမျိုးသားပါဝင်မှုနည်းပါးနေခြင်း စတဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသား၊ အမျိုးသမီးပါဝင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် အခုလိုအသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးတာဟာ ဒေသခံပြည်သူတွေ မြေပြင်မှာတွေ့ကြုံနေရတဲ့အခြေအနေတွေကိုထုတ်ဖော်နိုင်ခြင်းနဲ့ အသိပညာတိုးမြှင့်မှုတွေအတွက် အထောက်အကူပြုနိုင်ကြောင်းကိုလည်း တွေ့ရှိရတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ် ရွာပတ်လည် မိုင်းဆင်ကာ လူသတ်ပွဲလုပ်နေ၊ ဒေသခံ ၁၀ ယောက်ကျော် အသတ်ခံထားရပြီး တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီး၊ ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေရဟု KNU ပြော

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါ အရပ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။