ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်၊ မနေ့က ညပိုင်းမှာ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Yangon Army (YA) ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်း ၂ လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး ရုံးရှိရာနေရာကို လူနာတင်ကားတွေ တန်းစီရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေကို တင်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

“ထိခိုက်မှုက အနည်းဆုံး ၄ ယောက် ၅ ယောက်လောက် ထိခိုက်နိုင်တယ်။ မြေပြင်သတင်းပေးက ချက်ချင်းပြောတာက လူနာတင်ယာဥ်တွေ ရောက်ကုန်ပြီဆိုတာပါပဲ။ သေဖို့လည်းများတယ်၊ ကျနော်တို့သေချာလုပ်ခဲ့တာ” လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ 

Yangon Army (YA) မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့သူတွေ အပါအဝင် စစ်မှုထမ်းပေါ်တာဆွဲ ရောင်းစားနေတဲ့ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးဌာနဆိုင်ရာ ထောက်တိုင်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပြီး အခု အုန်းနှဲကုန်းရပ်ကွက်ရုံးကလည်း ပစ်မှတ်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ရက်နေ့ကလည်း အလားတူ လှည်းကူးမြို့နယ်ထဲက အောင်မင်္ဂလာရပ်ကွက်ရုံးကို Yangon Army (YA) က လက်ပစ်ဗုံးတွေနဲ့ သွာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ အတုယောင်ရွေးကောက်ပွဲအတွက် ထိခိုက်စေသူမှန်သမျှကို ပြင်းပြင်းထန်ထန်အရေးယူမယ့်အကြောင်း ပြောကြားထားပေမယ့် တော်လှန်ရေးအင်အားစုတွေက ရွေးကောက်ပွဲကို ဆန့်ကျင်နေကြသလို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေကလည်း ရန်ကုန်မြို့တွင်း စစ်တပ်ယန္တရားထောက်တိုင်တွေကို ပိုပြီးတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့ကလည်း ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့က အကြမ်းဖက်စစ်သားတွေရဲ့ လုံခြုံရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တစ်လလုံးမှာလည်း ရန်ကုန်မြို့အတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှု ၈ခုအထိ ရှိခဲ့ပြီး ရပ်ကွက်ရုံးတွေ၊ ထွေအုပ်ရုံးတွေ အဓိကပါဝင်နေတယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီလေတပ်ဝန်းထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ အရာရှိအပါ ၁၅ ယောက်သေပြီး လေယာဥ်တွေနဲ့ ဂိုဒေါင်အဆောက်အအုံတွေ မီးလောင်ပျက်စီး

ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ၃ ယောက်အပါဝင် ၁၅ ယောက်သေပြီး လေယာဥ် ၂ စင်း၊ ပြေးလမ်းနဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ Brave Warriors For Myanmar -BWM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။