မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။

စက်တင်ဘာ ၂၄ ရက်က မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန်ပြည်သူ့စစ်ရွာအား တိုက်ခိုက်ဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ဆိုင်းနေစဉ် ရွာရှိ ဘန်ကာအနီး ကင်းပတ်လာတဲ့ ပျူစောထီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ယောက်သေဆုံးခဲ့ပြီး အခြားပျူစောထီးတွေက ၄၀ မမ တွေအပြင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို TYKပြောက်ကြားတပ်ဖွဲ့-  မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁၊မြိုင်-ပကဖ တပ်ရင်း ၁-တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ အညာမြေတပ်ပေါင်းစု ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့၊နွေဦးညီနောင်တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – TYKပြောက်ကြားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပိတ်လှောင်မှုများကြားမှ ကြိုးစားရုန်းထွက်ခဲ့ကြသည့် အဘွားနှင့် မြေး ၂ ယောက် (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

CDF – Asho မှ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းများအား မေးမြန်းချက် (ရုပ်/သံ)

''သူတို့ပြောတာတော့ လစာ နှစ်သိန်းလေးထောင်ရတယ်တော့ ပြောတယ်။ ၂ လပိုင်းက သုံးသိန်း ကျော်ဖြစ်သွားတယ်လို့ သူတို့ပြောတာပဲ။ ဒါပေမယ့် တစ်ကျပ်မှတော့ မထုတ်ပေးဘူး။ အိမ်ကို လွှဲပေးမယ်တော့ ပြောတယ်။ မိဘနဲ့က အဆက်အသွယ်မရဘူး။ စစ်ကြောရေးမှာထဲက ဖုန်းတွေလည်း အကုန်သိမ်းပဲ။ ငါးသောင်းဖိုး ပစ္စည်းမှာရင် တစ်သိန်းလောက်ဖြတ်တယ်။ အဓိကက တပ်ရင်းမှူးရယ်၊ တပ်ရင်းဗိုလ်ကြီးရယ် သူတို့ပဲ ချုပ်ကိုင်ထားတာ''
Read More

လားရှိုးမြို့အဝင် အနီးနားက ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် အနီးနားမှာရှိတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။