ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးတို့အတွက် ဆောင်ရွက်ရမှာဖြစ်ပြီး နျူကလီးယားအခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေးအတွက်လည်း ကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လိုအပ်မယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

“နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ အသုံးချနိုင်ပါတယ်”လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံပြင်ပမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ ဟန်ဆောင်ပြောနေပေမယ့် လက်တွေ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံအတွင်းရှိ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ လူငယ်တွေများစွာကို သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအတွင်း လူငယ် ၇၀၀၀၀ ကျော်ကို မတရား စစ်မှုထမ်းဥပဒေ အသုံးပြုပြီး စစ်တပ်ထဲ မဝင်မနေရ စစ်မှုထမ်းခိုင်းကာ ရှေ့တန်းစစ်မျက်နှာပြင်တွေကို တောက်လျှောက်ပို့ဆောင် အသေခံခိုင်းနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျေးရွာများတွင် အင်အားဖြည့်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂  ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိကာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးနေကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။