တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ‎အကြမ်းဖက်စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ်၊ ပဝပ်ကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာအနီးဝန်းကျင်အတွင်း စက်တင်ဘာလ (၂၅)ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် နဲ့ K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က (၇) ယောက် သေဆုံးပြီး (၈) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ
ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ

ပုလောမြို့နယ်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး‎‎ ‎ပစ်ခတ်မှု ကြောင့် ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်၊ ပလောကျေးရွာအုပ်စု၊ ကဝက်ကျေးရွာအတွင်း စက်တင်ဘာလ (၂၄) ရက် မနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၈၅ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကဝက်ရှာရှိ အသက်(၆၀) ဝန်းကျင် အမျိုးသမီး (၁) ယောက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်တွင် အကြမ်းဖ က်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိပုံ


0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်တပ် တွဲကား ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတာ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဆီက သိရပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းမိခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို သိန်း ၅၀၀ လက်ခံပြီး ပြန်လွှတ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။