ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာပျူစောထီးစခန်းကို ရေဦး ပကဖ တပ်ဖွဲ့ဝင် ၆ယောက် အလင်းဝင်ရောက်လာတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့် သတင်းချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒီဖြစ်စဥ်အပေါ် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကတော့ ကျည်ဆံခိုးရောင်းမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရေဦးပကဖတပ်ဖွဲ့ဝင် အာဗြဲ (ခ) အောင်သူဝင်းနဲ့ အခြား ပြစ်မှုငယ်ရှိသူ ၅ယောက်ဟာ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားရာက ထွက်ပြေးသွားပြီးနောက် စစ်အုပ်စုထံ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်းနဲ့ စစ်တပ်ထံ ရည်ရွယ်ချက်ရှိရှိ အလင်းဝင်ရောက်တာမဟုတ်ကြောင်း ပြောထားပါတယ်။

ရေဦး ပကဖတပ်ဖွဲ့ဝင် အာဗြဲ (ခ) အောင်သူဝင်းနဲ့ ကျန်တဲ့ ၅ယောက်ဟာ ကန့်ဘလူမြို့နယ် ပျူစောထီးကျေးရွာမှာ အတင်းအကျပ် လက်နက်ကိုင် ကင်းစောင့်ရာက ထွက်ပြေးလာသူတွေ၊ စစ်အုပ်စုရဲ့ ခိုင်းစေခံရသူတွေနဲ့ အရက်သောက် မူးယစ်ရမ်းကားသူတွေသာဖြစ်ကြောင်း၊ အားလုံးဟာ ပြစ်မှုသေးတွေပဲ ကျူးလွန်ထားတာကြောင့် အကျယ်ချုပ်ဖမ်းဆီးထားရာက အခုလို လူစုထွက်ပြေးသွားတာဖြစ်ကြောင်း ရေဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့မှာ မိန်းမတွေရှိကြတော့ ပြန်ချင်တယ် ပြောကြတာတွေရှိတယ်။ အဲ့မှာ ကျည်ဆံခိုးရောင်းတဲ့ရဲဘော် အာဗြဲက ပြဿနာစဖြစ်တယ်။ ရဲဘော်အဖြစ် သူပြန်နေချင်တယ်ပေါ့။ ကျနော်ကလည်း သူလုပ်ခဲ့တဲ့အပြစ်ကို သုံးသပ်ခိုင်းပြီး သူ့နေရာသူ ပြန်ခိုင်းလိုက်တယ်။ ၃ရက်လောက်နေတော့ ဌာနေနဲ့ အနီးဆုံးနေရာမှာ သူ့ကိုဦးဆောင်ပြီး သစ်သားပြားသွားတိုက်ခိုင်းတယ်။ သူကအပြစ်ရှိပေမယ့် ရဲဘော်ပဲလေ။ ယာယီအရေးယူထားတာဆိုတော့ သူ့ကိုပဲ ဦးဆောင်ခိုင်းလိုက်တာပါ။ ခါတိုင်းလည်း သူလုပ်နေကျပါ။ ပတ်ဝန်းကျင်ကလည်း သိနေပြီ။ မျက်နှာတန်းမိနေကြတော့ ဘယ်သူမှ သတိမထားကြဘူး။ အဲ့မှာ ထွက်ပြေးတာပါ။ စစ်အုပ်စုဆီ ဝင်တာတော့ မဟုတ်ဘူး။ တစ်နေရာကို ထွက်ပြေးသွားတဲ့ ပုံစံပါ။ မိန်းမတွေခေါ်ပြီး တစ်နေရာကိုသွားနေမယ့် ပုံစံမျိုး၊ အဲ့လိုမျိုးလုပ်ဖို့ တိုင်ပင်တာကိုလည်း ကြားတဲ့လူတွေရှိတယ်။ ရေဦးမြစ်ကိုကူးပြီး ဟိုဘက်ကမ်းကို ရောက်အောင်ကူးရတယ်။ ဟိုဘက်ကမ်းကိုရောက်တော့ ပျူရွာကမိတယ်။ ကြိုးတုပ်ထားတယ်။ သူတို့ထွက်ပြေးပြီးနောက်နေ့မှ ကန့်ဘလူ၊ ကာဘိုး ပျူဂိတ်စခန်းမှာ ရဲဘော်အာဗြဲနဲ့ လူ ၅ယောက် ကြိုးတုပ်ခံထားရကြောင်း သတင်းဝင်လာတယ်။ အဲ့ဒါကြောင့်သိရတာပါ။” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူစတဲ့ မြို့နယ် ၄ခု ထိစပ်နေတာဖြစ်ပြီး မူးမြစ်ပဲခြားတာဖြစ်ကာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားသလို စစ်အုပ်စုလက်ပါးစေ လက်နက်ကိုင် ပျူစောထီးကျေးရွာတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

ရေဦးပကဖ တာဝန်ရှိသူကတော့ ထွက်ပြေးသွားသူတွေဟာ စစ်အုပ်စု ဝါဒဖြန့်သလို အလင်းဝင်ရောက်သွားတာ မဟုတ်ကြောင်း သူ့အမြင်ကို အခိုင်အမာပြောဆိုထားပါတယ်။

“သူတို့အလင်းဝင်သွားတယ်ဆို နှိပ်စက်စရာ လက်ပြန်ကြိုးတုပ်ထားစရာ မရှိပါဘူး။ ကျနော်ရဲ့ သုံးသပ်ချက်ပါ။ ကျနော်တို့တွေက ဒီလူတွေကို အကျယ်ချုပ်နဲ့ ဖမ်းထားခဲ့တယ်ဆိုတာကလည်း သူတို့က ပြစ်မှုကြီးကျူးလွန်ထားတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ရပ်ရွာတာဝန်ခံတွေဆီ ခံဝန်နဲ့ ပြန်အပ်တော့မယ့်ဆဲဆဲမှာ ဖြစ်သွားတာပါ။ သူတို့ထွက်သွားတာကလည်း လက်နက်တွေတောင် မပါသွားပါဘူး။ အဝတ်ထုပ်တွေ ဒီအတိုင်းထားသွားတာပါ။” လို့ မောင်းကိုပြောခဲ့ပါတယ်။

ရေဦးပကဖ တပ်ဖွဲ့ဝင် အာဗြဲ (ခ) အောင်သူဝင်းနှင့် ထွက်ပြေးသွားသူများ (ဓာတ်ပုံ ရေဦးပကဖ)

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါး​ဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ…

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။