ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကိုလည်း စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကျနော်တို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး ဒီနေ့ဒီအချိန်ထိ လျှောက်လှမ်းလာခဲ့ကြသလို ရှေ့ဆက်ပြီးလည်း ကိုယ့်ခွန် ကိုယ့်အားနဲ့ တော်လှန်ရေးကို အဆုံးသတ်အောင်ပွဲဆင်နွှဲနိုင်ကြောင်း ပြသနိုင်ဖို့ အင်အားတွေ ရှိနေကြဖို့ လိုအပ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အခုဆိုရင် ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူအချို့ဟာ စိုးမိုးထိန်းချုပ်ဒေသတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး မြေပြင်မှာ အစိုးရယန္တရား စနစ်တကျ ထူထောင်လည်ပတ်တာကစလို့ အဂတိ လိုက်စားမှုတွေကို အရေးယူတာတွေအထိ လုပ်ငန်းတွေမှာ စနစ်တကျဆောင်ရွက်နေတာကိုလည်း အင်မတန် အားရ ကျေနပ်မှုရှိတယ်လို့ NUG ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်မှသာ ပိုမိုထိရောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို အသက်သွင်းနိုင်မှာဖြစ်တာကြောင့် ကြိုးစားလုပ်ဆောင်ပေးကြဖို့ကိုလည်း NUG ဝန်ကြီးချုပ်က မှာကြားထားပါတယ်။

“ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ PDF ရဲဘော်တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဦးစွာပြောကြားလိုပါတယ်၊ မြို့တစ်မြို့သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေကလည်း အင်မတန်များပြားတယ်ဆိုတာ ရှေ့မှာအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံတွေကို အရင်းခံပြီး ဝန်ကြီးဌာနများ သေချာစွာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ်(၃၄/၂၀၂၅)ကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက်အတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ်(၅) တပ်ဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်၊ တပ်ရင်းအမှတ် ၅ နဲ့ ဗဟိုကော်မတီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို KNDF က ထုတ်ပြန်လာပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။