အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)နဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၅ ရက် မနေ့က ညနေပိုင်းမှာ video conferencing meeting နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် FSCC အဖွဲ့ဝင်တွေ၊ ရန်ကုန်လွှတ်တော်ဥက္ကဌဦးတင့်လွင်နဲ့ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH အဖွဲ့ဝင်တွေ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းမင်း၊ အတွင်းရေးမှူးအဖွဲ့နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ရမယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတွေ ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဥ်တွေကိုလည်း သဘောတူညီမှုရတဲ့အထိ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှုး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖ ရဲဘော်များ တွေ့ဆုံ… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျွန်းစုမှာ အရပ်သားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိနေပြီး အဲဒီအဖွဲ့အကြောင်း မြို့နယ် ပကဖ စုံစမ်းနေ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီး ၁ဦးကို ထိုးကြိတ်ကာ သေနတ်ပြ ခြိမ်းခြောက်မှု စွပ်စွဲချက်ဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ၊ ဆဲဆိုခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ဓူဝံ တုံ့ပြန်

အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်တွင် စစ်တပ်ထောက်ခံသူအများစု ရှိနေသည့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၂ ဦးဆုံးသေပြီး ဘုန်းကြီး၁ပါးနှင့် ပြည်သူ ၇ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။