အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတစ်ရပ်ကို Zoom ကတဆင့် ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာခဲ့တဲ့ လူထုတပ်ဦးကြီး ဖြစ်ပြီး ဒီနှစ်မှာကျရောက်မယ့် ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ကို နိုင်ငံရေးရည်မှန်းချက်ထားပြီးကျင်းပမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။ 

အဆိုပါ အခမ်းအနားကို National League for Democracy ၊ Radio NUG ၊ PVTV ၊ Khit Thit ၊ Mizzima ၊ DVB ၊ Voice of Spring ၊ People’s Spring ၊ D Lann ၊ D Day ၊ Thanlwin Time ၊ Red Peacock ၊ Red News Agency ၊ သံလွင်ခက် အစရှိတဲ့ Facebook Page တွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။