မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ရက်နေ့က ဂန့်ဂေါခရိုင်အတွင်း ကျေးရွာတွေမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ဒေသအခေါ် သံဘောင်တံတားနဲ့ လယ်ကြီးအိုင်ကျေးရွာကြား တစ်နေရာမှာ ကတ္တရာကားလမ်း မြေပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“၂၄ ရက်နေ့ကနေ ဆက်တိုက် နေ့၊ ည မပြတ် သည်းထန်စွာ ရွာတာခင်ဗျ.. ဆက်တိုက်ရွာနေတော့ ဒီမနက်ပိုင်းကနေစပြီး ကတ္တရာလမ်းက အက်ကြောင်းတွေ ပေါ်လာနေတာပါ။ ကားလမ်းကလည်း ပိန်းချောင်းဘေးကပ်လျက် ဖြစ်နေတော့ နေ့လယ်လောက် တောင်ကျရေတွေ များလာပြီး မြေပြိုမှုတွေဖြစ်ပြီး ပြိုဆင်းသွားတာပါ” လို့ ယောနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ရေတိုက်စားမှုကြောင့် မြေပြိုကျသွားတဲ့ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းဟာ အဓိက လမ်းမကြီးဖြစ်ပြီး လက်ရှိမှာ ကား၊ ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

“ဆော-ကျောက်ထု-မင်းတပ် ဒီဟာတွေက အဓိက မိန်းလမ်းဗျ။ မြေပြိုမှုဖြစ်သွားတဲ့အတွက် ဆော-ကျောက်ထု-မင်းတပ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ဆိုင်ကယ်တောင် ဖြတ်သန်းသွားလာလို့ မရဘူး။ ဒီမြေပြိုတာကတော့ ကားတွေပါသွားတာ ဆိုင်ကယ်တွေပါသွားတာ မရှိလိုက်ဘူး။ မနက်ပိုင်းကတည်းက မြေပက်ကြားအက်နေတာ့ ဘယ်သူမှ မသွားလာကြဘူး” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းကလည်း မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်ထုတိုက်နယ် ချောင်းခွ၊ လယ်ကြီးအိုင်၊ တောင်ဇလပ်စစ်ရှောင်စခန်းတို့ ရေကြီးရေလျှံမှု ဖြစ်ပွားကာ စစ်ရှောင်အမျိုးသမီးတစ်ယောက်နဲ့ ကလေးဖြစ်သူ ရေထဲမျောပါသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း - P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို  စစ်ကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။