မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နှစ်ခြမ်းကွဲနေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)လည်း မကြာခင်ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ကြောင်း ယောဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ရက်နေ့က အရှေ့ခြမ်း အနောက်ခြမ်းကွဲနေတဲ့ ပကဖ ကို မြို့နယ်လုံးကျွတ် လွှမ်းမိုးနိုင်အောင် ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တရားဝင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါဟာ တော်လှန်ရေးစတင်ပြီး ၄နှစ်ကျော်အချိန်ကျမှ ပြန်လည်ပေါင်းစည်းနိုင်ခဲ့တာလို့ သိရပြီး ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်ကြောင်းနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) လည်း မကြာခင် အလားတူ ပေါင်းစည်းနိုင်ဖို့ရှိတယ်လို့ ယောနယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (ပကဖ) ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်
ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (ပကဖ) ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်

ယောဒေသဖြစ်တဲ့ ထီးလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) MOD လက်အောက်ကနေ သွားနေပေမယ့် မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့တွေ ကွဲနေတာကြောင့် ဒေသတွင်းတော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အချင်းချင်းပွတ်တိုက်မှု အဆင်မပြေမှုတွေ၊ အားနည်းမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ပကဖတွေ ပအဖတွေ ၂ခြမ်းကွဲ​နေတုန်းက တိုက်ပွဲတွေဖော်ဆောင်တဲ့အခါ၊ ရပ်ရွာတိုးတက်ရေးအတွက် ဥပဒေရေးရာအပိုင်းတွေ ရေးဆွဲတဲ့အခါမှာ အားနည်းချက်တွေဖြစ်ခဲ့တယ်။ ပြည်သူတွေအတွက်လည်း ဒွိဟ စိတ်တွေဖြစ်ခဲ့တယ်ပေါ့။ အထူးသဖြင့် ရန်ပုံငွေပိုင်းမှာ အားနည်းစေခဲ့တာပါပဲ။ အစက MOD က လူကြီးတွေ လာညှိပေးတာတောင် မရခဲ့တာ အခုအဆင်ပြေသွားတော့ ဝမ်းသာစရာပါ။ ပအဖလည်း မကြာခင် ပေါင်းစည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ယောဒေသအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ထီးလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကလည်း “ကြိုဆိုပါတယ်၊ ကောင်းမွန်ပါတယ်။ ဖြစ်သင့်နေတာကြာပါပြီ။ ပူးပေါင်းပြီး တလရကို ပိုမိုထိရောက်အောင် ကြိုးစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။” လို့ မှတ်ချက်ပေးပါတယ်။

ထီးလင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀ကျော်၊ ရွာပေါင်း ၉၀ ကျော်ရှိပြီး စစ်အုပ်စု စိုးမိုးထားတဲ့ မြို့ပေါ်ကိုလည်း ထီးလင်းအခြေစိုက်တော်လှန်ရေးတပ်တွေက အခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်တင် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (ပကဖ) ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်
0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ထိန်းချုပ်ဒေသများအတွင်း ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ပေးနေသည်ဟု သတင်းထွက်ပေါ်နေမှုအား TNLA ငြင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
Read More

ဗန်းမော်သို့ စစ်ကူသွားသည့် စစ်ကောင်စီရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ၊ ၁ စီး ပျက်ကျပြီး ကျန် ၁စီး ထိမှန်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။