စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ Non-CDM ကျောင်းဆရာမ ၂ ယောက်အပါအဝင် ပြည်သူ ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

Video – Indaw Revolution-IR

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ပဲခူးရိုးမအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ Nay Pyi Taw PDF က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Yoma Fighter စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ်(၁၇) တပ်ရင်းအမှတ် ၉၀၂၊ တပ်ရင်းအမှတ် ၈၀၄ နဲ့ သရက်ခရိုင်အမှတ် ၁ တပ်ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပယ်နံသာရွာအနီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်။ သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တော်လှန်ရေးတပ်များက ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။