တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက တနင်္သာရီဘက် မောင်းနှင်လာတဲ့ စစ်ကား ၂ စီးကို ရမ်းဖိုကျေးရွာ ရမ်းဖိုတံတားကြီးအရောက် မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြည်သူလူထုထံသို့ သတင်းစကားပြောကြားခြင်း (ရုပ်/သံ)

''အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းပြည်အဖက်ဖက်က ချွတ်ခြုံကျ ထိခိုက်ပျက်စီးနေချိန်မှာ အခုလိုသဘာဝဘေးဒဏ် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးကြရတဲ့ ပြည်သူ တစ်ယောက်ချင်းစီတိုင်းအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို တိကျတဲ့ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးလေးနက်နက်ကတိပေး ပြောကြားလိုပါတယ်"
Read More

ပေါက်မြို့နယ်မှာ အင်အားအများအပြားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ပြောကြားချက် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။