ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 

အဆိုပါကားဟာ မီးနီဖြတ်မောင်းတဲ့အတွက် ယာဉ်ထိန်းရဲက တားဆီးရာမှာ မရပ်တန့်ဘဲ မောင်းနှင်ပြေးတဲ့အတွက် ယာဉ်ထိန်းရဲက တွဲလောင်းခိုကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အဆိုပါဖြစ်ရပ်ကို မြင်တွေ့ကြသူတွေက ဆိုပါတယ်။

”အဲ့ကားက ပါရမီလမ်းအတိုင်း မောင်းလာတာ အင်းစိန်လမ်းဘက်ကနေ ပြည်လမ်းဘက်ကို။ ကိုယ်တွေက မင်းဓမ္မပွိုင့်မှာ မီးနီစောင့်နေတာ။ အဲ့နားက မီးပွိုင့်က နီးနီးလေး နှစ်ခုကို.. သူက ပထမတခုကို မီးနီဖြတ်တော့ ရဲက ထွက်တားရော.. သူက မရပ်ဘူး ဒါပေမယ့် ရှေ့မီးပွိုင့်ကလည်း နီနေတော့ ရှေ့ကားတွေနဲ့ ပိတ်မိပြီး ရဲက မိသွားတယ်။ လမ်းလယ်ခေါင်ကြီး ဖြစ်ကြရော။ ကိုယ်တွေ ပွိုင့်လွှတ်တော့ အဲ့ကားကို ရဲက ရှေ့က ပိတ်ရပ်ပြီး ကာထားတာ အဲ့နောက်ပိုင်းကတော့ video ထဲကအတိုင်း ဆက်ဖြစ်တာပဲ”လို့ ဖြစ်စဉ်ကို မြင်တွေ့သူက  ဆိုပါတယ်။ 

မောင်းပြေးသူဟာ ယာဉ်ထိန်းရဲကို လာဘ်ထိုးငွေပေးခဲ့ပေမယ့် ယာဉ်ထိန်းရဲက လက်မခံတဲ့အတွက် မောင်းနှင်ပြေးတာလို့ ဆိုသူတွေလည်းရှိပါတယ်။

”ကိုယ်က အဲ့ကားဘေးကပ်လျပ်က တစ်ဖက်လမ်းပေါ်မှာ.. သူပိုက်ဆံပေးတာကို ဘဲဥက လက်ခါပြတာ မယူဘူး။ အဲ့ဒါကို အဲ့လိုမောင်းပြေးတာ”လို့ နောက်ထပ် မြင်တွေ့ခဲ့သူတယောက်က ဆိုပါတယ်။ 

ရပ်မပေးဘဲ မောင်းပြေးတဲ့ အဆိုပါကားကို တက္ကစီကားသမားတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြပြီး ဖမ်းဆီးစဉ်အတွင်း ဝင်ရောက်ထိုးကြိတ်တာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

Video – Phyo Thandar

0 Shares:
You May Also Like
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

၁၉၈၈ ခုနှစ်မှ ယနေ့တိုင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သူများနှင့် ဆက်လက်လှုပ်ရှားနေသူများကို လေးစားဦးညွှတ်ဂုဏ်ပြုကြောင်း ကိုထိန်လင်း ပြောကြား (ရုပ်/သံ)

၁၉၈၈ ခုနှစ်မှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြသူတွေနဲ့ ယနေ့တိုင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သူတွေ၊ ဆက်လက်လှုပ်ရှားနေသူတွေကို လေးစားဦးညွှတ်ဂုဏ်ပြုပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။
Read More

အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း၏ (၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇)နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းက ပေးပို့တဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေထားပါတယ်။
Read More

အစ္စရေးကို ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်တဲ့ အီရန်အနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော (ရုပ်/သံ)

ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။