ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ ဒေသခံ အမျိုးသားတစ်ယောက် ကြိုးမိုင်းထိမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းက ပြောင်းဖူးခြံရှင်းနေတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားဟာ ကြိုးမိုင်းလို့ ယူဆရတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသားက “ကျနော် ခြံရမ်းရင်းနဲ့ နင်းမိတယ်၊ ပေါင်းသတ်ဆေးဖျန်းသွားတယ်။ ပေါင်းသတ်ဆေးဖျန်းတဲ့ အချိန်က မနင်းမိသေးဘူး၊ ခြံလည်းရမ်းတယ်၊ အပင်ကြီးတွေ ခုတ်တဲ့အချိန်မှာထိတယ်၊ ဘယ်ဘက်ခြေသလုံးတွေလည်း အပေါက်တွေရှိနေတယ်၊ အရိုးအက်တဲ့နေရာမှာ ကျောက်ပတ်တီးတွေ စည်းထားရတယ်၊ ညာဘက်ခြေမှာလည်း ထိမိတယ် ပေါင်ရင်းမှာပေါ့နော်၊ ခွဲစိတ်ခန်း ၂ ခါဝင်ရပြီ၊ ပထမတစ်ခါက ပေါင်ရင်းမှာ မိုင်းအစဝင်တာမတွေ့ဘူး။ ဒုတိယ တစ်ခါ ဓာတ်မှန်ပြန်ရိုက်ပြီးမှ အဲ့ဒါပြန်တွေ့တော့ ခွဲစိတ်ခန်းပြန်ဝင်ရတယ်။ မိုင်းရဲ့ပုံစံက ကြိုးမိုင်း တိုက်မိသွားတယ်” လို့ ပြောဆိုကြောင်း တအာင်းအမျိုးသမီးအဖွဲ့စည်းက ဖော်ပြထားပါတယ်။

ဒဏ်ရာရသူ အမျိုးသားဟာ လက်ရှိမှာတော့ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ပေါင်မှာ မိုင်းအစအနရှိနေတာကြောင့် ထပ်မံခွဲစိပ်ဖို့ လိုအပ်နေကာ ဆေးကုသဖို့လည်း ငွေကြေးအခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကား ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် လှိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရ

မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ "ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

အောင်လံတွင် မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံရင်း လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းစုဆောင်းနေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။