စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ရက် ဒီနေ့မနက်မှာ တံတားဦး လေဆိပ်တက် စစ်တပ်ဂျက်ဖိုက်တာတစ်စီးက ကံထူးမရွာကို ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ၈ ယောက်သေဆုံးကာ ၁၂ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဇွဲထက် စားသောက်ဆိုင်နဲ့ ဆီဆိုင် တိုက်ခိုက်ခံရတာပါ။ ရွာသားတွေကတော့ တိုက်ပွဲမရှိဘဲ အခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အတွက် စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံထူးမရွာ အပါအဝင် အနီးပတ်ဝန်းကျင်က ဒေသခံတွေဟာ လေကြောင်းရန်ကို စိုးရိမ်နေကြသလို ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကံထူးမရွာဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိုင်စခန်းချထားခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီး စိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။