စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က ရွှေဘိုလေ့ကျင့်ရေး (၈) တပ်နဲ့ ဘုတ်ကုန်း ပျူစောထီးရွာက ထွက်လာတဲ့ အင်အား ၉၀ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဖြတ်တောက်တိုက်ခိုက်ရာမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်၊ ဗိုလ်ကြီးအဆင့်နဲ့ တပ်ကြပ်အပါအဝင် စစ်အုပ်စုဘက်က အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သုံ့ပန်းမိတာတွေလည်း ရှိခဲ့ပါတယ်။ 

အဲ့ဒီထိတွေ့တိုက်ပွဲအတွင်း ရုပ်ပျက်ဆင်းပျက် သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို ၂ရက်ကျော်ကြာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီဘက်က  လာရောက်သယ်ယူတာမျိုးမရှိဘဲ စွန့်ပစ်ထားတာကြောင့် တော်လှန်ရေးတပ်တွေက ကောက်ယူပြီး အလျင်းသင့်နေရာတွေမှာ မြေမြုပ်၊ မီးရှို့သင်္ဂြိုဟ်တာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“၂၃ရက်နေ့မှာ ကျနော်တို့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်တပ်က လာမကောက်တဲ့အလောင်းတွေကို အလျင်းသင့်သလို သင်္ဂြိုဟ်ပေးခဲ့တယ်။ အဲ့အထဲ သူတို့က ရိုးရိုးသေတာမဟုတ်ဘဲ တိုက်ပွဲထဲ သေခဲ့တာတွေဆိုတော့ အလောင်းတွေက ဆိုးဆိုးရွားရွားဖြစ်ပြီး အကောင်တွေတောင် တက်နေပါပြီ။ ဒါကြောင့် ကျွင်းတူးပြီး သေချာသင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ ” လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ဘက်ဆိုင်ရာပစ္စည်းတချို့ကို သိမ်းဆည်းရရှိထားကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်း ၂ယောက်ကိုလည်း ဆေးကုသပေးထားကြောင်း ခင်ဦး ပကဖက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၂မိုင်အကွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဘိုလေ့ကျင့်ရေး (၈) တပ် ရှိပေမယ့် စက်တင်ဘာ ၂၅ရက် (ဒီနေ့) အထိ စစ်တပ်ဘက်က အလောင်းလာမကောက်တာမျိုး မရှိသလို စစ်ကြောင်းလှုပ်ရှားမှုလည်း မရှိသေးဘူးလို့ သိရပါတယ်။

“တပ်မ ၇၇က ဒုတိယဗိုလ်မှူးကြီးနာမည်ကိုတော့ မသိပေမယ့် ဗိုလ်ကြီးမင်းထက်ဆိုသူကတော့ သိပါတယ်။ သူက ခင်ဦးဆေးရုံမှာ တပ်စွဲထားတဲ့ဆီကပါ။ အခုထိတော့ သူတို့ဘက်က ဘာမှထပ်လှုပ်ရှားတာမျိုး မရှိသေးပါဘူး။” လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ရက်နေ့ကစလို့ ရွှေဘို လေ့ကျင့်ရေး (၈) နဲ့ ဘုတ်ကုန်း (ပျူရွာ)က စစ်အုပ်စုတွေဟာ ခင်ဦးမြို့နယ်တွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက ဖြတ်တောက်တိုက်ခိုက်တဲ့အတွက် ကစဥ့်ကလျား ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေဟာ ခင်ဦးမြို့နယ် အကြမ်းဖက်စခန်းအတွင်း လေ့ကျင့်ရေးတပ်ကတဆင့် တိတ်တဆိတ်အင်အားဖြည့် သွားရောက်ပူးပေါင်းရင်း စက်တင်ဘာ၂၂ရက်နေ့ မနက်ပိုင်းမှာ ထပ်မံ စစ်ကြောင်းထိုးလာခဲ့တာလို့ သိရပါတယ်။

အင်အား ၉၀ခန့်ပါ အထက်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အချိန် ၅နာရီကြာ ဖြတ်တောက်တိုက်ခိုက်ရာမှာတော့ စစ်ကြောင်းတစ်ခုလုံး တပ်ပျက် အသေအဆုံးများပြီး ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။

      

တိုက်ပွဲအတွင်းက MA-3 သေနတ် (၄) လက်၊ MA-1 သေနတ် (၅) လက်၊ BA-63/ G3 သေနတ် (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်နဲ့ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ်တို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်းနဲ့အတူ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖ တွေနဲ့ မြို့နယ် ပလဖတို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဦးနှင့် ရွှေဘိုအစပ် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားအလောင်းများအား တော်လှန်ရေးတပ်များ ရှာဖွေသင်္ဂြိုဟ်ပေးနေစဥ် (ဓာတ်ပုံ ခင်ဦးပကဖ)

0 Shares:
You May Also Like
Read More

မအူပင် အကျဉ်းထောင်က ထောင်ဝင်စာ ဈေးကွက်

ဧရာဝတီတိုင်း၊ မအူပင်အကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့်တောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းယူမှုတွေရှိနေပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုသာ ဦးစာပေး တွေ့ခွင့်ပေးနေကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

၂၀၂၄ အတွင်း တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် (၁၁)ခုတို့ကို သိမ်းပိုက်နိုင်ခဲ့… တိုက်ပွဲတွေအတွင်း စစ်တပ်က (၄၁၃) ယောက် သေဆုံးကာ (၃၁၄) ယောက် ဒဏ်ရာရခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ‌စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် ၁၁ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။