အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံချိန်အတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့ တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေနဲ့ ပတ်သက်လို့ အကျယ်တဝံ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်ကနေ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတို့ကို သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားဖို့ကိုလည်း NUG နဲ့ KNU ခေါင်းဆောင်နှစ်ယောက် သဘောတူခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ချင်းပြည်နယ်က စစ်ကောင်စီရဲ့ အောင်တိုတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။