ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက် မနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာနယ်စပ် လေးကေ့ကော်မှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေချိန် မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူမထိခိုက်ပေမယ့် ထိုင်းနိုင်ငံက မြန်မာဘက်ကို တရားဝင် ကန့်ကွက်လွှာပေးပို့လိုက်ခဲ့သလို ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းစစ်တပ်က ၂၄ နာရီ ကင်းလှည့်ပြီး လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြဝတီမြို့မှာလည်း အခိုင်အမာတပ်စွဲထားသလို စက်တင်ဘာ ၂၃ ရက်ကစလို့ လေးကေ့ကော်မြို့အနီးတစ်ဝိုက်ရှိ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားရာနေရာတွေကို စစ်ကြောင်း ၅ ကြောင်းခန့် ဖြန့်ကာ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေနဲ့ အဓမ္မခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တပ်သားသစ်တွေကို​ မူးယစ်ဆေးတွေ ကျွေးပြီး ရှေ့တက်ခိုင်းတာ​ကြောင့် ​သေဆုံး​ဒဏ်ရာရသူ​တွေများပြီး စစ်ကြောင်း ပျက်တာတွေလည်း ရှိသလို ဒီနေ့အချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည် ကျ​ရောက်တဲ့​နေရာကို ထိုင်းစစ်တပ် စစ်​ဆေး​နေပုံနဲ့ နယ်စပ်တွင် ထိုင်းစစ်တပ် လုံခြုံ​ရေး​ဆောင်ရွက်နေပုံ (ဓာတ်ပုံ AEC)

0 Shares:
You May Also Like
Read More

မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံပြီး NUG အစိုးရနှင့် ဆက်ဆံရေးကောင်းရှိသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဖြစ်လာ

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မော်ဒယ် နေရပ်ပြန်ရောက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံသား မော်ဒယ်ဖြစ်သူ Yang Zheqi ဟာ ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ကို လူကုန်ကူးခံရပေမယ့် အခုချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။