မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနေ့က မနက် ၈နာရီခွဲကျော်လောက်မှာ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ တိုက်ပွဲမရှိဘဲ ကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၅ ရက် ဒီနေ့ နေ့လယ်မှာ စစ်ကော်မရှင်တပ် နှောပင်ရွာက ပြန်ထွက်သွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာထဲ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် နောက်ထပ် အမျိုးသား ၁ ယောက်ရဲ့ အလောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထွက်ပြေးတိမ်းရှောင်ချိန် ခွေးဘက်ကနေ ဒရုန်းနဲ့ချတော့ ထိမှန်ပြီးသေတယ်။ နယ်မြေရှင်းလင်းရေးလုပ်တဲ့ အခါမှာ အလောင်း ၁လောင်း ထပ်တွေ့တယ်။ ဒရုန်းချခံရတဲ့နေရာနဲ့ မလှမ်းမကမ်းလေးမှာ တွေ့တာ၊ ပထမတော့ ည မြေပြင်ကလူပဲ တွေ့ခဲ့တာ။ နောက်ပိုင်း ရှင်းလင်းရေးလုပ်မှာ တစ်ဦး ထပ်တွေ့တာ” လို့ မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အထက်ပါ စစ်ကော်မရှင်တပ်သားတွေဟာ ပခုက္ကူ တပ်မ ၁၀၁ ထဲကို ဝင်ရောက်သွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့ ညနေပိုင်းမှာ ရွာထဲဝင်ပြီး ဒရုန်းထိမှန် သေဆုံးထားတဲ့ အမျိုးသား ၂ ယောက်ကို သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နှောပင်ရွာထဲကနေ အကြမ်းဖက်စစ်သားတွေ ထွက်ခွာသွားပေမယ့် ဒေသခံတွေကတော့ ကြောက်လန့်နေဆဲ ဖြစ်တာကြောင့် ကျေးရွာထဲ ပြန်လည်နေထိုင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း နှောပင်ရွာ တောဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖားအံမြို့၊ သံလွင်တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာ တစ်ပတ်အတွင်း ခရီးသွားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ…

ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ၉၀ကျော်ကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွား

ကန့်ဘလူမှာ တစ်ပတ်တာအတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။