စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက် ၇ နာရီခွဲလောက်မှာ မုံရွာ-မန္တလေးလမ်းပိုင်းရှိ နတ်ရေကန်ဂိတ်ကနေ အင်အား ၃၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို နတ်ရေကန်နဲ့ ရေပိုးစားကြား နေလကျောက်ခွဲစက်နားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၂ လုံး ၁ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၂ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စကစတွေက မိုင်းဆွဲခံရပြီးတော့ အထိနာပြီးတော့ နတ်ရေကန် လာတဲ့ဘက်ကို ပြန်ခေါက်သွားတယ်၊ ‌စကစတွေဘက်က ထိခိုက်ဒဏ်ရာရတာကို မိုင်းဆွဲတဲ့ရဲဘော်တွေက မြင်ရတယ်၊ အခုဆွဲခဲ့တဲ့ မိုင်းတွေက နဂိုကတည်းကထောင်ထားတဲ့ မိုင်းတွေပါ” လို့ People’s Defence Force – South Monywa တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။ 

စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ချောင်းဦးမြို့နယ် နတ်ရေကန် စစ်တပ်ဂိတ်ကနေ ၆ ဘီးကား ၁စီးနဲ့ ထွက်လာတဲ့ စစ်သားတွေကို People’s Defense Force – South Monywa တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

ရေဖြူမှာ စစ်တပ်အထိုင်ချထားတဲ့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များ သိမ်းပိုက် မီးရှို့ခဲ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်တပ်အထိုင်ချနေရာတွေဖြစ်တဲ့ မြို့နယ်ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွှေကျင်မှာ စစ်တပ်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးတွေအပါ အရပ်သား (၄) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေး (၂) ယောက် အပါအဝင် အရပ်သား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။