နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဗစ်တာခင်ညိုဟာ ဇနီးနဲ့ သား ၃ ယောက် ကျန်ရစ်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှာ စျာပန ပြုလုပ်မယ်လို့ သိရပါတယ်။

“ကျွန်တော့် အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးပါတယ်” လို့ ဗစ်တာခင်ညိုရဲ့ ညီဖြစ်သူ အဆိုတော် တူးတူးက လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖခင် ဦးခင်ညိုနဲ့ မိခင် ဒေါ်ခင်စန်းရီတို့က ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်းလေးဦးအနက် အကြီးဆုံးသား ဖြစ်တဲ့ ဗစ်တာခင်ညိုဟာ ၁၉၇၀ ခုနှစ်မှာ “အကြွေပန်းမှနမ်းချင်တယ်” ပထမဆုံး တေးစီးရီးနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

ဗစ်တာခင်ညိုဟာ ကိုယ်ပိုင်သံစဥ်တေးသီချင်းများစွာကို သီဆိုခဲ့ပြီး နွေသာဆိုရင်မှာပြာ၊ တို့ရဲ့နောက်ဆုံးအချိန်၊ကျူရှင်လှေကားရင်း သီချင်းတွေက လူကြိုက်များ ထင်ရှားသလို လေးဖြူ၊ ကေအေတီတို့နဲ့ပါ သီချင်းအချို့ကို ပူးပေါင်းဖန်တီးခဲ့ပါသေးတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။