စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် လူမှုကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရေးရာတာဝန်ခံတွေက စားနပ်ရိက္ခာနဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းထောက်ပံ့ကူညီပေးမှုတွေနဲ့ လေကြောင်းအန္တရာယ်အသိပညာပေးမှုတွေကို အခုစက်တင်ဘာလထဲမှာ  ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး အကြမ်းဖက်မှုတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ အထွေထွေအကျပ်တည်းဆိုက်နေတဲ့ လူထုက အဖက်ဖက်က ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

အုတ်ဖိုက ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ယောက်သေပြီး လက်နက်တွေပါ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက‌ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ်နဲ့ မကျီးရေရွာအနီး TNLA နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။