ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ အကြမ်းဖက်စစ်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ၁၀ ယောက်ကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

လားရှိုးမြို့အတွင်းရှိ အကြမ်းဖက်စစ်တပ်ကနေ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း TNLA ဂိတ်နေရာတွေနဲ့ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားတွေ၊ ဌာနဆိုင်ရာအင်အားတွေ၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးများတဲ့နေရာတွေမှာ သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက် ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စရဖ နဲ့ ဒလန်သတင်းပေးတွေဟာ အကြမ်းဖက်စစ်တပ် လွယ်ကူစွာ ဝင်ရောက်နိုင်မယ့် လမ်းနဲ့ ထောက်ပို့လမ်းကြောင်း အခြေအနေတွေကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က စေလွှတ်ထားသူတွေဟာ TNLA ထိန်းချုပ်ရာ မြို့အတွင်း ခြေလျင်၊ ဆိုင်ကယ်၊ လိုင်းကား၊ အိမ်စီးကားတွေနဲ့ သူဌေး၊ သူတောင်းစား၊ ခရီးသွား စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အယောင်ဆောင် ဝင်ရောက်ခဲ့ပြီးနောက် သတင်းတွေ ထောက်လှမ်းယူခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စရဖ တွေနဲ့ သတင်းပေးဒလန်တွေဟာ အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာမှာ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့နေရာတွေမှာ လူချင်းတွေ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သတင်းပေးကာ အကြမ်းဖက်စစ်တပ်ထံ အွန်းလိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Viber၊ Facebook၊ Wechat၊ Telegram စတာတွေနဲ့ သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံ‌ရေးများစွာ စေလွှတ်ထားပြီး အခုဖမ်းဆီးရမိသူတွေကို လုံခြုံစိတ်ချတဲ့နေရာမှာ ကောင်းမွန်စွာထိန်းသိမ်းထားသလို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်ရင် TNLA ရဲ့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း  အောက်တိုဘာလ (၁၂) ရက်ကစလို့ စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။