ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စက်တင်ဘာလ ၂၅ ရက် ဒီနေ့ ကျရောက်တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်မှာ  ၂၀၀၇ ခုနှစ်က သံဃာတော်တွေနဲ့ ပြည်သူလူထုရဲ့  ရဲဝံ့တဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှုကို အမှတ်ရသလို ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာ့သမိုင်းရဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆန္ဒတို့ကို ပြတ်သားစွာ ထုတ်ဖော်ခဲ့တဲ့ မီးရှုးတန်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

သံဃာတော်တွေနဲ့  ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်ခဲ့မှုဟာ စစ်အာဏာရှင်စနစ်ရဲ့  ဖိနှိပ်မှုတွေကို ဆန့်ကျင်ရာမှာ မယိမ်းမယိုင် ရပ်တည်ခဲ့တာကိုလည်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။

အခု နွေဦးတော်လှန်ရေးဟာလည်း  မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့  တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မီးရှူးတန်ဆောင်တစ်ခုဖြစ်ပြီး ယုံကြည်ချက်နဲ့ စည်းလုံးမှုကို ဆက်လက်လှုံ့ဆော်ပေးနေတဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့  စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေး  အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ဆိုပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့  စွန့်လွှတ်အနစ်နာခံမှုတွေကို အလဟဿမဖြစ်စေဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းက သံဃာတော်တွေရဲ့ ခေတ်အဆက်ဆက် နိုင်ငံရေးအရ ဦးဆောင်မှုကို ဂုဏ်ယူစွာ ဆက်လက်ထိန်းသိမ်းကာ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့  စည်းလုံးညီညွတ်ရေးကို မြှင့်တင်ဖို့အတွက် ရွှေဝါရောင်တော်လှန်ရေးက ပြသခဲ့တဲ့  စည်းလုံးညီညွတ်မှုကို အခြေခံပြီး လူမျိုးဘာသာမခွဲခြားဘဲ ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာ တော်လှန်ရေးကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာ့အသိုင်းအဝိုင်းက အားပေးထောက်ခံခဲ့သလို အခု နွေဦးတော်လှန်ရေးမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  ထိရောက်တဲ့ ဖိအားပေးမှုနဲ့ ပံ့ပိုးမှုတွေကို တောင်းဆိုတယ်လို့လည်း သံဃသမဂ္ဂ(မန္တလေး) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ရဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်လာနိုင်တဲ့ အခြေအနေ ခန့်မှန်းချက်ကို NUG ထုတ်ပြန်… လက်ရှိ စစ်ကိုင်းငလျင်ဟာ ရှေ့ပြေးငလျင်အဖြစ် ဖြစ်နိုင်ချေ ၀.၂ ရာခိုင်နှုန်းသာရှိ…

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့(USGS) ရဲ့ ဧပြီလ ၄ ရက် ခန့်မှန်းချက်တွေအရ ဧပြီ ၁၁ ရက်အထိ ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတုကို အမွှန်းတင်၊ တော်လှန်ရေးကို ပုံဖျက်ထားသည့် ဇာတ်ကားနှင့် စစ်တပ်၏ ဝါဒဖြန့်မှုကို ကူညီပုံဖော်ပေးသည့် သရုပ်ဆောင်များ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေကို အသုံးပြုပြီး "ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ" ဆိုတဲ့ ဝါဒဖြန့်ပေါ်လစီ ဇာတ်ကားတစ်ကားကို စစ်တပ်ပိုင် မြဝတီချန်နယ်ကတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စဉ့်ကူးမြို့နယ်က စစ်ရှောင် ၇၅၀ ကျော်ကို အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ PDF အမှတ် ၁၂၂၂ တပ်ရင်း ပေးအပ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဥဦး (BLDF) ၊ စစ်ဒေသ- ၁ အနေနဲ့ စက်တင်ဘာ ၂၆ ရက် ဒီနေ့မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေနဲ့ လက်တွေ့လေ့ကျင့်ရေး အစီအစဥ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။