မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front – URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းကို ကရင်နီအခြေစိုက် စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှု ဆရာဖြစ်သင်တန်းပြီးစီးအောင်မြင်ထားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့က ဦးဆောင်မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းအတွင်း တက်ရောက်ခဲ့တဲ့ လူငယ်တချို့အတွက် စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာတွေအကြောင်း၊ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုနဲ့ မအီမသာဖြစ်စေတဲ့ စိတ်ခံစားမှုတွေကို သိရှိနားလည်စေတာ၊ မိမိကိုယ်ကို ဂရုစိုက်တဲ့ နည်းလမ်းတွေ၊ သူတစ်ပါးရဲ့ ရင်ဖွင့်ခံစားချက်တွေ နည်းလမ်းတကျ နားထောင်တတ်စေတာ စတာတွေကို စာတွေ့၊ လက်တွေ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စိတ်ခံစားချက်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း လေ့လာခဲ့ပြီး အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာ၊ အတိတ်နဲ့ လက်ရှိကာလ အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေကို ရင်ဖွင့်မျှဝေတဲ့ အုပ်စုလိုက် ကုသမှုတွေ (Memory Box’s Group Therapy) ကိုလည်း ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ရေးကာလ (၄) နှစ်တာကာလအတွင်း ထိခိုက်ခံစားခဲ့ရတဲ့ လူငယ်တွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြန်လည်သန်စွမ်းကျန်းမာလာရေးဟာလည်း စစ်ရေးနဲ့ထပ်တူ အရေးကြီးတဲ့အတွက် အခုလို စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုသင်တန်းတွေ အလျဉ်းသင့်သလို ပြုလုပ်နေတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး(URF) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို မတရားသတ်ဖြတ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချနေဟု KNDF ဗျူဟာ ၉ ထုတ်ပြန်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာမှု မလုပ်ရန် အသိပေးတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။