ရုရှားနိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက မော်စကိုမြို့ရှိ Radission Collection မှာ “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်နဲ့ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့တယ်လို့လည်း စစ်တပ်လော်ဘီတွေက သတင်းဖြန့်ဝေနေတာဖြစ်ပါတယ်။

လက်တွေ့မှာ အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံအတွင်းရှိ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ လူငယ်တွေများစွာကို သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအတွင်း လူငယ် ၇၀၀၀၀ ကျော်ကို မတရား စစ်မှုထမ်းဥပဒေ အသုံးပြုပြီး စစ်တပ်ထဲ မဝင်မနေရ စစ်မှုထမ်းခိုင်းကာ ရှေ့တန်းစစ်မျက်နှာပြင်တွေကို တောက်လျှောက်ပို့ဆောင် အသေခံခိုင်းနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။