ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Chiangmai News က သတင်းဖော်ပြပါတယ်။

ထိုင်းအာဏာပိုင်တွေက ဆိုင်ပိုင်ရှင်ကို ကစားနည်းသရုပ်ပြခိုင်းတဲ့အခါ ဒင်္ဂါးထည့်ပြီး အရုပ်ကောက်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့သလို ငွေလည်း ပြန်အမ်းပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီဆိုင်ဟာ လောင်းကစားဥပဒေနဲ့ ငြိစွန်းတယ်လို့ သတင်းရရှိတာကြောင့် စစ်ဆေးခဲ့တာဖြစ်ပြီး ဆိုင်ထဲမှာ ရှိတဲ့ အရုပ်ကောက်စက် ၂၆ လုံး၊ ငွေလဲစက် ၁ လုံးနဲ့ အရုပ်လှည့်စက် ၂ လုံးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကစားနည်းဟာ ကစားသူနဲ့ ဆိုင်ပိုင်ရှင်ကြားမှာ အရှုံးအနိုင်ဖြစ်စေတာကြောင့် လောင်းကစားဥပဒေမှာ ပါတဲ့ အပိုဒ် ခ အမှတ် ၂၈ ကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေပြီး လျှပ်စစ်စက်တွေ အသုံးပြုကာ အရှုံးအနိုင်ရှိနိုင်တဲ့ ကစားနည်းတွေကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဆိုင်ပိုင်ရှင်ကိုတော့ လောင်းကစားနည်းကို  ခွင့်ပြုချက်မရှိဘဲ ပြုလုပ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် စက်ပစ္စည်း ၂၉ လုံးလုံးကို သိမ်းဆည်းကာ အမှုဖွင့်အရေးယူနိုင်ဖို့ ချန်ဖွေ့ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။