ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 

ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့တဲ့ ရက်ကစတင်ပြီး ထမင်းမစားရတာ ၄ ရက်တာရှိပြီလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးဝါးသုံးကာ တိုက်ပွဲရှေ့တန်းမှ ထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်မှုရှိတယ်လို့ စစ်သုံ့ပန်းက ဝန်ခံပြောကြားခဲ့ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင် (ရုပ်/သံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့နယ် ခေါင်းဆေးကျွန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်အမြန်ရေယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန် ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။