မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတောင်ဘက်မှာ ဂိတ်ဖွင့်အထိုင်ချထားတဲ့ ဂိတ်စခန်းကနေ စစ်ကြောင်းထိုးဖို့ အင်အားအများအပြားနဲ့ ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရော့ကတ်တွေဟာ စစ်ကော်မရှင်တပ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေပိုင်း မှာ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာလည်း အင်ပင်ရွာရှိ စစ်ကော်မရှင်တပ်က လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စက်တပ်လေထီး ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ တပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ BURMA REVOLUTION RUNGERS တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-COBRA ONE

0 Shares:
You May Also Like
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ငါးဇွန်မြို့နယ် မင်းနေကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းရှိ ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို အောက်တိုဘာ ၅ ရက် ညနေပိုင်းက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။