ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု အန္တရာယ်ကို သတိကြီးကြီးထားကာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့ အဆိုပါလမ်းကို အသုံးပြုပြီး ခရီးသွားလာတာနဲ့ လုပ်ငန်းဆောင်တာ မပြုလုပ်ဖို့ ထုတ်ပြန်သတိပေးထားပါတယ်။

အရေးပေါ်ကိစ္စရပ်တွေအတွက် သတင်းအချက်အလက် ခိုင်မာစွာ ပေးနိုင်တဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေဆီ နယ်မြေအခြေအနေတွေကို မေးမြန်းဆောင်ရွက်ပြီးမှသာ ပြုလုပ်ကြဖို့လည်း ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရတဲ့ လမ်းသွယ်အားလုံးကိုလည်း စက်တင်ဘာလ (၂၃) ရက်ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF က မနေ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြင်းချင်းကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။