မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် လမ်းတွင်းတစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ၁ ယောက်သေဆုံးပြီး  MA-13 သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

0 Shares:
You May Also Like
Read More

ကမ္မမြို့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ-၁၂ လက်အောက်ခံ ခမရ(၃၅၅) တပ်သား- ဒိုင်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဘိတ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာတာ။ တက္ကစီသမားတစ်ယောက်နဲ့တွေ့ပြီး ကျနော့်ကို အလုပ်ပေးမယ်ဆိုပြီး ပေါ်တာဆွဲခံရတာ။ သူတို့လုပ်ရပ်တွေ မကြိုက်လို့ အလင်းလာဝင်တာ။ လူငယ်တစ်ယောက်ကို ဖမ်းပြီးခေါ်တယ်။ မိဘတွေ မျက်ရည်ကျ‌အောင်လုပ်တယ်။ ဒါကြောင့် ကျနော်ပြေးလာတယ်။ ပြေးလာတဲ့ ရည်ရွယ်ချက်က အလင်းဝင်ပြီး လက်နက်ကိုင် သူတို့ကို ပြန်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်နဲ့ ပြေးတာ''
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ က ထွက်လာတဲ့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ဘုန်းကံရွာသို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ် ကြောင်းကို ဇန်နဝါရီ ၃၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက် ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။