စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းအစပ်၊ ကလေး-ဂန့်ဂေါလမ်းပိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကြံသာရွာကို ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေအင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာခဲ့ရာမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကြံသာက မကွေး-စစ်ကိုင်းအစပ်ကရွာပါ။ မကွေး ဟံသာဝတီက စခနဲ့ပျူတွေ လာတိုက်တာပါ။ ဆုတ်ပေးထားရပေမယ့် လက်ရှိတော့ အသေးစိတ် မသိရသေးဘူး” လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၂၀ရက်နေ့မှာ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရတာဖြစ်ပြီး လက်ရှိ စစ်အုပ်စုတွေ ကြံသာရွာထဲ တပ်စွဲနေတယ်လို့ သိရပါတယ်။

ကလေး-ဂန့်ဂေါလမ်းပိုင်းရှိ အကြမ်းဖက်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့စဥ်က တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

” ပြန်ဆုတ်ပေးလိုက်ရတယ်ဆိုတဲ့ သတင်း မှန်ပါတယ်။ စနေနေ့က ကျနော်တို့က ပြန်ဆုတ်လိုက်ရတာပါ။” လို့ Chin Defense Force – KKG တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဟံသာဝတီ၊ မြောက်ခင်ရန်း စတဲ့ရွာတွေအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြစ်သာမြစ်အရှေ့ဖက်ကမ်းက ကျောက်ပြုတ်၊ လယ်ကြီး၊ ဝင်ဝ စတဲ့ပျူစောထီးရွာတွေလည်း ကြံသာရွာနားမှာ ရှိနေတာဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်း ကလေး-ဂန့်ဂေါလမ်းပိုင်းက အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ အရှေ့ရွာ အနောက်ရွာတို့ကိုလည်း CDF KKG – Major Opertion မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားခဲ့ပါတယ်။

အဲ့ဒီနောက် ဧပြီလအတွင်းမှာပဲ ချင်းအမျိုးသားတပ်မတော် (CNA) CDF- KKG၊ ABSDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက ကြံသာရွာကိုပါ ဆက်လက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် အခမ်းအနား

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို (၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်း ဆုပေးပွဲအခမ်းအနားကို မေလ (၂၄) ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွေးကောက်ပွဲ ဥပဒေအကြောင်းပြပြီး စစ်တပ် ဖမ်းဆီးထားသူ ၆၀ ဦးကျော် ရှိလာ…

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူ ဦးရေဟာ ၆၄ ယောက်အထိရှိလာပြီလို့ သိရပါတယ်။ အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောခဲ့တာ ဖြစ်ပါတယ်။