စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“အညာဒေသကို စစ်ကြောင်းထိုးလာတဲ့ ဖက်ဆစ် စစ်တပ်ကို တပ်လန်သွားအောင် တိုက်ထုတ်ပြီးအောင်ပွဲနှင့် ပြန်လာတဲ့ ကျွန်တော်တို့ BLDF ရဲဘော်တွေကို အခြေစိုက်ဒေသ ပြည်သူတွေက ကြိုဆိုဂုဏ်ပြုနေတဲ့ ပုံရိပ်တွေကို တင်ပြလိုက်ပါတယ်။ အိမ်မလွမ်းကြနဲ့ ရဲဘော်တို့ ပြည်သူတွေဟာ မင်းတို့မိသားစုပဲ” လို့ BLDF တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းက ကနီမြို့နယ်၊ ချောင်းမရွာမှာ အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ (ပကဖ) နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၃ ယောက် သေဆုံးကာ စစ်သုံ့ပန်း ၄ ယောက် အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၃ လောင်းနဲ့အတူ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၁ လက်၊ MG-3 သေနတ် ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်မာ ၁ လုံးနဲ့ အခြားစစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

“မကွေးဆီသို့ ကမ်ပိန်း” မှ ထောက်ပို့သည့် ကာကွယ်ရေးပစ္စည်းများ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ရောက်ရှိ

မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “မကွေးဆီသို့ ကမ်ပိန်း” ကနေ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေ မြေပြင်ရဲဘော်တွေထံ ရောက်ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်း၊ စစ်သား ၅ ဦး သေပြီး ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်ထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းရာ စစ်သား ၅ ယောက် သေဆုံးပြီး ရွာကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ပါတယ်။