ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ၁၃ ယောက်ကို ဩဂုတ်လ ၁၂ ရက်က ရွေးကောက်ပွဲ ပျက်ပြားစေအောင် ဟောပြောခြင်း၊ ပြောဆိုခြင်းတွေကြောင့် လှိုင်းဘွဲ့မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံရသူတွေထဲမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီး ၊ စောဆာပုလဲဒီဝမ်း တို့ ပါဝင်တယ်လို့ အကြမ်းဖက် စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ မဲပေးစက် အသိပညာပေးတာနဲ့ လက်တွေ့စမ်းသပ်မဲပေးတာတွေ လုပ်ဆောင်ရွက်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် AA နဲ့ PDF တပ်ဖွဲ့ဝင်တွေကိုလည်း စက်တင်ဘာလ ၄ ရက်က လေးမျက်နှာမြို့နယ်၊ အိုင်သပြု နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၃၁ ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ရွေးကောက်ပွဲ ပျက်ပြားစေအောင် ဟောပြောမှုနဲ့ ချင်းပြည်နယ် (Chinland) အစိုးရ အဖွဲ့ဝင် ဦးပါထန်း၊ ဒေါက်တာ ရွှေခါရ်း၊ ဦးထောင်ဇလျန်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်း ဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမန်အုပ်ခမ်၊ ဦးထန်ကမ်းလျန်၊ ဦးမောင်ဦး၊ ဦးဟာမိုရုန်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဒေါက်တာ တိာနှင်းနဲ့ ဦးဇင်ကျုံး အပါအဝင် စုစုပေါင်း ၁၇ ယောက်ကို စက်တင်ဘာလ ၄ ရက်က ဟားခါးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်တပ်က သူတို့ စိတ်ကြိုက်ပြဋ္ဌာန်းထားတဲ့ ၂၀၂၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

အခုလိုမျိုးဆိုးရွားနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဩဂုတ်လ ၈ ရက်ကနေ ၁၁ ရက်အတွင်း ဖြတ်တောက်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့‌နေရသည်ကို ဝမ်းနည်းမိဟု လက်သည်တရားခံ မင်းအောင်လှိုင် ပြော

မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇွန်လနှင့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၀၃) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ ၇ ရက် ပြုလုပ်ခဲ့တဲ့ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီတပ်သား ၃ယောက်သေပြီး ပျူ ၄ယောက် ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။